မာရှယ်ကျွန်းစုများတွက် ဖြစ်ပေါ်ခဲ့သော လှိုင်းလုံးများသည် ရာသီဥတုပြောင်းလဲမှု အန္တရာယ်ကို မီးမောင်းထိုးပြနေကြောင်း ကျွမ်းကျင်သူများဆို

ဇန်နဝါရီ ၂၄
အမေရိကန်စစ်အခြေစိုက်စခန်းများတည်ရှိရာ မာရှယ်ကျွန်းစုများတွင် ပြင်းထန်သော လှိုင်းလုံးများဝင်ရောက်လာခြင်းသည် ရာသီဥတုပြောင်းလဲမှု အန္တရာယ်ကို မီးမောင်းထိုးပြနေကြောင်း ကျွမ်းကျင်သူများဆိုသည်။
မြောက်ဘက် မာရှယ်ကျွန်းစုရှိ Kwajakein Atoll တွင် တည်ရှိသော Roi-Namor ကျွန်း၏ သုံးပုံတစ်ပုံခန့် ရေလွှမ်းခဲ့ကြောင်း အမေရိကန်စစ်တပ်မှ ထုတ်ပြန်ခဲ့သည်။
အဆိုပါပြင်းထန်သော လှိုင်းလုံးများကြောင့် အမေရိကန်၏ စစ်အခြေစိုက်စခန်းတစ်ခု ပျက်စီးခဲ့ကြောင်းသိရသည်။
မာရှယ်ကျွန်းစုများသည် ရာသီဥတုပြောင်းလဲမှု၏ မျက်နှာစာဟု ယူဆကြပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင် ကမ်းရိုးတမ်းဒေသများတွင် အင်းအားပြင်းလှိုင်းတံပိုးများနှင့် ရေလွှမ်းမိုးမှုများ ပိုမိုဖြစ်ပေါ်လာကြောင်း ကျွန်းကျင်သူများကဆိုသည်။
မာရှယ်ကျွန်းစုများရှိ အမေရိကန်စစ်စခန်းများသည် အမေရိကန်ကာကွယ်ရေးဌာန၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အာကာသနှင့် ဒုံးကျည်ကာကွယ်ရေးစမ်းသပ်ချက်မျာလုပ်ဆောင်သည့်အပြင် ခေတ်မှီသည့် ခြေရာခံစနစ်များရှိသည့်နေရာဖြစ်ကြောင်းသိရသည်။

#PAN

Telegram link

https://t.me/positiveanglenews