မလှိုင်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်း၄ဦး ကိုအကြမ်းဖက်PDFအဖွဲ့မှ နေအိမ်တွင် ဝင်ရောက် ပစ်သတ်


ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ကျောက်တန်းကျေးရွာအုပ်စု၊မိတ်ကုန်းရွာရှိ ဦးမြင့်လွင်၏ နေအိမ်သို့ ယမန်နေ့ နံနက်၆နာရီအချိန်ခန့်က အကြမ်းဖက်သမား ၆ဦး ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးမြင့်လွင်၊၅၆နှစ်၊(ဘ)ဦးဝိုင်းမှာ ဦးခေါင်း ယာဘက်ခြမ်း ထိမှန်ဒဏ်ရာ ၁ချက်၊လည်ပင်း ယာဘက်ခြမ်းဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊ဦးမြင့်လွင်၏သားဖြစ်သူ မောင်နိူင်ထွန်းလွင်၊၂၄နှစ်၊(ဘ)ဦးမြင့်လွင်မှာ ယာ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-လက်ဖျံ ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊ဦးမြင့်လွင်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ဦးလှဆောင်၊၆၁နှစ်၊(ဘ)ဦးအောင်သန်းမှာ နဖူး ဝဲဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ချက်၊မေးစေ့ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲဘက်လည်ပင်း ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-လက်ဖျံ ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာမှ ပစ္စတိုကျည်ခွံ ၃ခု၊M-22 ကျည်ခွံ ၁၁ခု တွေ့ရှိရပြီး သေဆုံးသူ ၃ဦးမှာ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြောင်း ဦးမြင့်လွင်မှာ ယခင်ကျေးရွာအုပ်ချုပ်ရေးမှုးဖြစ်ကာ ဦးလှဆောင်မှာ လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှုးတာဝန် ဆောင်ရွက်နေသူဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူ ယင်းနေ့ နံနက်၅နာရီခွဲ အချိန်ခန့်တွင် သရက်ကန်(မြောက်)ကျေးရွာသို့ အကြမ်းဖက်သမား ၄ဦး၊ဆိုင်ကယ် ၂စီးဖြင့် ရောက်ရှိလာပြီးဦးအောင်ထူး (ပြည်ခိုင်ဖြိုးပါတီဝင်)၊ အသက်၅၄နှစ်၊(ဘ)ဦးကျွဲ၊ကျောက်ခွဲလုပ်ငန်းနေသူကို မိသားစုဝင်များရှေ့တွင် သေနတ်ဖြင့် ၅ချက် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း၊ သေဆုံးသူတွင် ဝဲ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-လက်သန်း ထိမှန်ဒဏ်ရာ ၁ချက်တို့ဖြင့် နေအိမ်အတွင်း လဲကျသေဆုံးနေကြောင်းသိရသည်။

#PAN

Telegram link

https://t.me/positiveanglenews