ဂါဇာကမ်းမြှောင်အလယ်ပိုင်းစစ်ဆင်ရေးအတွင်း အရန်စစ်သည် ၂၁ ဦး ကျဆုံးခဲ့ဟု IDF ပြောရေး ဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ပြော

ဇန်နဝါရီ ၂၄

       ယမန်နေ့က ဂါဇာကမ်းမြှောင်အလယ်ပိုင်းစစ်ဆင် ရေးအတွင်း အရန်စစ်သည် ၂၁ ဦး ကျဆုံးခဲ့ကြောင်း အစ္စရေးတပ်မတော် IDF ပြောရေးဆို ခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari က ဇန်နဝါရီ ၂၃ ရက်၊ အင်္ဂါနေ့ နံနက်ပိုင်း သတင်းထုတ်ပြန်မှု ပြုခဲ့သည်။ တပ်ဖွဲ့များသည် Kissufim ဝန်းကျင်အနီးရှိ အစ္စရေးအသိုက် အဝန်းနှင့် ဂါဇာကမ်းမြှောင်ကြား၌ စစ်ဆင် ရေးများ လုပ်ဆောင်လျက်ရှိကာ နယ်စပ်မှ မီတာ ၆၀၀ ခန့်အကွာရှိ အဆောက်အအုံများနှင့် အကြမ်းဖက်အဆောက်အအုံများကို ဖယ်ရှားခဲ့သည်ဟု ဆိုသည်။

     ”ဒီမစ်ရှင်ဟာ အစ္စရေးတောင်ပိုင်းမှာ နေထိုင်သူများ နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တဲ့ လုံခြုံရေး အခြေ အနေတွေကိုဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားခဲ့ပါတယ် ” ၎င်းက ပြောကြားခဲ့သည်။

      အကြမ်းဖက် သမားများက တပ်ဖွဲ့ဝင်များ လုံခြုံ ရေးအတွက် ဆောင်ရွက်ပေးနေသည့် တင့်ကားကို RPG ဒုံး ကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပင် နှစ်ထပ် အဆောက်အဦနှစ်ခု ပြိုကျသွားခဲ့ကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။ IDF အင်အားအများစုမှာ ၎င်းတို့အတွင်းနှင့် အနီးနားတွင် ရှိနေစဉ် ပေါက်ကွဲသံများ ဖြစ်ပေါ်လာခဲ့သည်။

     ဖြစ်စဉ်မှာ ဂါဇာအလယ်ပိုင်းရှိ al-Muasi တွင်ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ဟားမတ်စ်တပ်ဖွဲ့ဝင်များ သည် အနီးနားရှိ အဆောက်အအုံအများအပြားကိုဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ရာ IDF တပ်ဖွဲ့ဝင်များသည် ယူဆောင်လာသည့် မြေမြှုပ်မိုင်းများနှင့်အတူ ဆောက်အအုံများအတွင်း ပေါက်ကွဲမှုမှ ပြိုကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဇန်နဝါဝါရီ ၂၂ ရက်၊ တနင်္လာနေ့တွင် စစ် သည် ၁၉ ဦး သေဆုံးကာ အခြားအများအပြား ဒဏ် ရာရရှိခဲ့သည်။ ထို့အပြင် IDF တင့်ကားပေါ်သို့ သီးခြား တင့်ဖျက်ဒုံးဖြင့် ပစ်ခတ်ခဲ့မှုမှ IDF စစ်သည် နှစ်ဦး သေဆုံး၍ အခြား နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ပေါက်ကွဲမှုအသေးစိတ်ကို စုံစမ်း စစ်ဆေးနေပြီး သေကြေ ထိခိုက်ဒဏ်ရာရရှိခဲ့သော IDF တပ်ဖွဲ့များမှာ မိုင်းကဲ့သို့သော အန္တရာယ်ရှိသည့် ဧရိယာအချို့ကို ရှင်းလင်းရန် တာဝန်ပေးထားသည့် အရန်တပ်များမှ ဖြစ်ကာ ယင်းတို့မှ ၁၀ ဦး၏ အမည်စာရင်းကို ထုတ်ပြန်ထားကြောင်း သိရသည်။

      ထိုသို့ ကျဆုံး၊သေဆုံး၊ ဒဏ်ရာရသွားကြသူများနှင့် ပတ်သက်၍ အစ္စရေးသမ္မတ Isaac Herzog၊ ကာ ကွယ်ရေးဝန်ကြီး Gallant ၊ ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich ၊ အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben-Gvir ၊ Knesset လွှတ်တော် ဥက္ကဌ Amir Ohana ၊ Yesh Atid ခေါင်းဆောင် Yair Lapid ၊ စိုက်ပျိုး ရေးဝန်ကြီးနှင့် စစ်ပွဲကာလ အစိုးရအဖွဲ့ဝင် Avi Dichter စသည့် ခေါင်းဆောင်များက တိုင်းပြည်အတွက် ရဲဝံ့စွန့်စားစွာ လုပ်ဆောင်ခဲ့မှု အပေါ်ဂုဏ်ယူရပါကြောင်းနှင့် များစွာဝမ်းနဲကြေကွဲရပါကြောင်း၊ဒဏ်ရာရသူများလည်း အမြန်ဆုံး ပြန် လည် ကျန်းမာလာကြစေရန် ဆုမွန်ကောင်းတောင်းကြောင်း စသဖြင့် ပြောကြားခဲ့မှုကို ဂျေရုဆလင်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

#PAN