SSPP/SSA (ဝမ်ဟိုင်း)၏ နယ်မြေကို လုယူထားသည့် ပလောင်အကြမ်းဖက်သောင်းကျန်းသူ TNLA မှသူ၏နယ်မြေကိုထပ်မလာရန် ခြိမ်းခြောက်

ဇန်နဝါရီ ၂၃

SSPP/SSA(ဝမ်ဟိုင်း)အဖွဲ့၏ နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ခမ်းမြို့ကို ပလောင်အကြမ်းဖက်သောင်းကျန်းသူ TNLA က သိမ်းယူထားခဲ့ပြီဖြစ်လို့ SSPP/SSA(ဝမ်ဟိုင်း)အဖွဲ့များ သူ၏နယ်မြေကိုထပ်မလာဖို့ ခြိမ်းခြောက်စာပေးပို့တာမြစ်လိုက်ကြာင်း သိရသည်။

TNLA က SSPP/SSA (ဝမ်ဟိုင်း)အဖွဲ့ကိုပေးပို့သည့်စာမှတော့ နမ့်ခမ်းမြို့ဧရိယာအတွင်းရှိ မိဘပြည်သူများသည် ယခုချိန်တွင် လွတ်မြောက်လွပ်လပ်သည့် ပြည်သူများဖြစ်ပြီး  နမ့်ခမ်းမြို့နယ်ရှိ ဗမာစစ်အာဏာရှင်အုပ်စုကို ဖယ်ရှားရှင်းလင်းမောင်းနှင်ထုတ်သည့် PSLF/TNLAမှလည်း နမ့်ခမ်းမြို့နယ်ရှိ ပြည်သူများ၏ သဘောတူဆန္ဒအတိုင်း နမ့်ခမ်းမြို့နယ်ကြီး တည်ငြိမ်အေးချမ်းဖွံ့ဖြိုလာအောင် တာဝန်ယူပြီး ဆောင်ရွက်နေပြီဖြစ်သောကြောင့် တည်ငြိမ်းအေးချမ်းလုံခြုံမှုရှိနေပြီဖြစ်သည့် နမ့်ခမ်းမြို့နယ်တွင် ညီနောင်မဟာမိတ်ဖြစ်သည့် SSPP/SSAမှ တပ်သားစုဆောင်းရေးကိစ္စရပ်အပါအဝင် စစ်ရေး၊ အုပ်ချုပ်ရေး၊ ငွေကြေးကောက်ခံရေးစသည့်ကိစ္စများ ဆက်လက်မလုပ် ဆောင်ရန် PSLF/TNLAမှ အထူးမေတ္တာရပ်ခံပြီး မိမိတို့၏ မိဘပြည်သူများ၏ သဘောတူဆန္ဒများနှင့်ဆန့်ကျင်ပြီး အဆိုပါကိစ္စရပ်များ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက မိမိတို့ညီနောင်မဟာမိတ်အကြား မလိုလားအပ်သည့်ပြဿနာများ ပေါက်ဖွားလာစေနိုင်သည့်ဟုပါရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အား TNLA အကြမ်းဖက်သောင်းကျန်းသူများနှင့် မြောက်ပိုင်းမဟာမိတ်များမှ ၁၀၂၇ စစ်ဆင်ရေးအမည်တပ်ကာ အတည်ဆဲအစိုးရထံမှ တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

#PAN