အီတလီစူပါဖလားကို အင်တာမီလန်အသင်းက သုံးနှစ်ဆက် ရရှိ

ဇန်နဝါရီ ၂၃

မနေ့ညက ကစားခဲ့တဲ့ အီတလီစူပါဖလားဗိုလ်လုပွဲစဉ်မှာ အင်တာမီလန်က နာပိုလီကို မာတီနက်ဇ်ရဲ့နောက်ကျသွင်းဂိုးနဲ့ အနိုင်ကစားပြီး ချန်ပီယံဖလားကို ဆက်လက်ကာကွယ်သွားနိုင်ခဲ့ပါတယ်။

အင်တာမီလန်ဟာ အီတလီစူပါဖလား ဖိုင်နယ်ကို ၂၀၂၁၊ ၂၀၂၂၊၂၀၂၃ သုံးနှစ်လုံး‌တက်ရောက်နိုင်ခဲ့ပြီး ၃ နှစ်လုံးဖလားရရှိအောင်စွမ်းဆောင်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အင်တာမီလန်တိုက်စစ်ပိုင်းက မာတီနက်ဇ်ကတော့ ဒီရာသီမှာ အကောင်းဆုံးအနေအထားတစ်ခုကို ရောက်နေတာဖြစ်ပြီး အသင်းအတွက် အများကြီးလုပ်ပြထားနိုင်ခဲ့တာပါ။

အင်တာမီလန်အသင်းဟာ နာပိုလီကိုပွဲချိန်ပြည့် ဖိအားပေးကစားနိုင်ခဲ့သလို မိနစ် ၆၀ မှာ နာပိုလီတိုက်စစ်မှူး ဆီမြွန်နီ အနီကတ်ထိခဲ့တာကြောင့် တစ်ယောက်လျော့အနေအထားနဲ့ ပွဲပြီးတဲ့ အထိရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။