အိန္ဒိယနိုင်ငံ၊ လန်ပူရီမြို့လေဆိပ်၌ မြန်မာ့တပ်မ တော်မှ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီး ပြေးလမ်းချော်မှု ဖြစ်ပွား

ဇန်နဝါရီ ၂၃

     အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လန်ပူရီမြို့ လေဆိပ် ၌ ယနေ့ နံနက်ပိုင်းတွင် မြန်မာ့တပ်မ တော်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်မှုဖြစ် ပွားခဲ့သည်။

     ဖြစ်စဉ်မှာ မြန်မာတပ်မတော်မှ သယ်ယူပို့ ဆောင်ရေးလေယာဉ် (Y-8 F 200 WB အမျိုးအစား၊ လေ ယာဉ်အမှတ်-၅၈၂၁)သည် မြန်မာ-အိန္ဒိယ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆောင် ရွက်ရန်အတွက် ယနေ့ နံနက် ၁၀ နာရီခန့် တွင် မိတ္ထီလာမြို့မှ ထွက်ခွာခဲ့ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လန်ပူရီမြို့ လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ရောက်ရှိဆင်းသက်စဉ် ရုတ်တရက် စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

      အဆိုပါ လေယာဉ်ပြေးလမ်းချော်မှုကြောင့် လေ ယာဉ်ပေါ်တွင် လိုက်ပါလာခဲ့ကြသည့် လေယာဉ် အရာ ထမ်း/အမှုထမ်းများအနက် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစေလျက်ရှိသည်။ ထိုသို့ လေ ယာဉ်စက်ချို့ယွင်းပြီး ပြေး လမ်းချော်ခဲ့မှုနှင့် ပတ် သက်၍ အသေးစိတ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN