TNLA မှ မိုင်းခွဲဖျက်ဆီးလိုက်သည့် မိုးတေတံတားအနီး ထပ်မံမိုင်းပေါက်ကွဲခဲ့သည့်အတွက် ယာဥ်တစ်စီးနှင့် ယာဥ်မောင်းတစ်ဦးထိခိုက်ဒဏ်ရာရ


ဇန်နဝါရီ ၂၂


၂၀၂၃ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပလောင်အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် TNLA မှ မိုင်းထောင်ဖောက်ခွဲခဲ့သည့် သီပေါ-နမ္မတူကြားရှိ မိုးတေတံတားအနီးတွင် ပစ္စည်းတင်ဆောင်လာသော မေယ်တော်ယာဥ်တစ်စီး၏အနီးတွင် မိုင်း ပေါက်ကွဲကာ ယာဉ်မောင်းသမားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့မှ ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဥ်တစ်စီးသည် မိုးတေကျေးရွာရှိ ချောင်းကူးတံတားအနီးမှ လမ်းမပေါ်သို့ ဖြတ်မောင်းလာစဉ် ဖောက်ခွဲဖျက်ဆီးခံရသည့် တံတားအနီးသို့အရောက်တွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။

မိုင်း ပေါက်ကွဲမှုကြောင့် မော်တေယ်ယာဥ်မှာပျက်စီးသွားခဲ့ပြီး ယာဉ်မောင်းအမျိုးသား၏ လက်နှင့် ခန္ဓာကိုယ်တွင် မိုင်းစများထိမှန် ဒဏ်ရာရရှိခဲ့သည့်အတွက် အဆိုပါ ယာဉ်မောင်းအာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဓာတ်ပုံံ – အင်တာနက်