အမေရိကန် အကောင်းဆုံးဘောလုံးသမားဆုကို ရရှိတဲ့ ပူလီဆစ်

ဇန်နဝါရီ ၂၂

အေစီမီလန်အသင်း တိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်က ၂၀၂၃ ခုနှစ်အတွက် အမေရိကန်အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိ မေရိကန်လက်ရွေးစင် အသင်းခေါင်းဆောင် ပူလီဆစ်ဟာ ပြီးခဲ့သည့်နှစ်အတွင်း လက်ရွေးစင်အသင်းအတွက် ခုနစ်ပွဲကစား၊ ခြောက်ဂိုးသွင်းယူပေးပြီး ၂၀၂၂-၂၀၂၃ ကွန်ကာကပ်ဖ် Nations League ပြိုင်ပွဲ ၌ ဗိုလ်စွဲခဲ့သလို ယင်းပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။

ပူလီဆစ်ဟာ ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးဘောလုံးသမားဆုကို အေစီမီလန်အသင်းဖော်ကွင်းလယ်လူ မူဆာ နဲ့ PSV အသင်းတိုက်စစ်မှူး ရီကာဒို ပီပီ တို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ပူလီဆစ်က ယင်းဆုကို စတုတ္ထအကြိမ် (၂၀၁၇၊ ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၃) ရရှိခြင်းဖြစ်ပြီး ဂန္ထဝင်ကစားသမား လန်ဒန်ဒိုနိုဗန်၏ အကြိမ်အများဆုံးရရှိသည့်စံချိန်နှင့် တူညီသွားပြီဖြစ်ကြောင်း သိရပါတယ်။