လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်သည့်ကား အရှေ့တစ်ပိုင်းပြတ် ယာဥ်မောင်းသေဆုံး


ဇန်နဝါရီ ၂၂

အရှိန်ပြင်းစွာဖြင့် လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိခဲ့သည့်ယာဉ်တိုက်မှုကြောင့် ယာဥ်မှာအရှေ့တစ်ပိုင်းလုံးပြတ်ထွက်သွားပြီး ယာဥ်မောင်း ကိုခန့်သာ သည် နေရာ၌ ပင်ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၁၂ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာ ချီလိတ်မြို့ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ တာချီလိတ်- မိုင်းဖုန်းသွား ကားလမ်းမပေါ်တွင် ကိုခန့်သာ ၊ အသက် ( ၂၃)နှစ် ၊ ဝမ်ပုံကျေးရွာနေသူမှ မောင်းနှင်လာသော မော်တော်ယာဥ်သည် အရှိန်ပြင်းစွာဖြင့် လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဥ်မှာအရှေ့တစ်ပိုင်းလုံးပြတ်ထွက်သွားပြီး ယာဥ်မောင်း ကိုခန့်သာ သည် နေရာ၌ပင်ပွဲချင်းပြီးသေဆုံးသွားပြီး သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်မြို့ လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း ထိုကူညီမှုအသင်းထံမှသိရှိရသည်။