ရွှေအတုံးအခဲများကို အသင်းဝင်ကဒ်ရှိမှသာလျှင် ရောင်းချရန်ခွင့်ပြုမည်ဟု YGEA အသိပေး

ဇန်နဝါရီ ၂၂

၂၀၂၄ ခုနှစ်အတွက် အသင်းဝင်ကတ်များ ထုတ်ပေးမှာဖြစ်ပြီး အသင်းဝင်ကတ်ရှိမှသာလျှင် ရွှေအတုံးအခဲ ရောင်းချရန် ခွင့်ပြုမှာ ဖြစ်တယ်လို YGEA က အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ အသင်းဝင်ကတ်မှာ ရွှေအတုံးအခဲ ရောင်းချတဲ့ အရောင်းအဝယ် ခွင့်ပြုချက်လိုင်စင်ပါရှိမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် အတွက် နှစ်စဥ်ကြေးပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွှေအတုံး၊ အခဲ အရောင်း/အဝယ် လိုင်စင်ရှိမှသာ ရောင်းခြင်းဝယ်ခြင်းကို ခွင့်ပြုမှာဖြစ်ပြီး ရွှေနှင့် ကျပ်ငွေ သယ်ယူခွင့် ထောက်ခံချက် လက်မှတ်များကို သက်တမ်းတိုး ပြုလုပ်ရန် အသိပေးထားပါတယ်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွှေဆိုင်များအားလုံး အထွေထွေအုပ်ချုပ်ရေးမှူးရုံး များတွင် ရွှေနှင့် သတ္တုလိုင်စင် မဖြစ်မနေ လျှောက်ထားရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ဇန်နဝါရီလ ၁၈ ရက်မှာ ထုတ်ပြန်အသိပေးထားခြင်း ဖြစ်ပါတယ်။

PAN