နေတိုးတပ်ဖွဲ့က ဆယ်စုနှစ်များအတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

ဇန်နဝါရီ ၂၂

အမေရိကန်ဦးဆောင်သည့် မြောက်အတ္တလန်းတိတ်စာချုပ်အဖွဲ့ NATO သည် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဥရောပတွင် ရာသီဥတု အေးခဲကြမ်းတမ်းနေပြီး ရုရှား ယူကရိန်းစစ်ပွဲ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေချိန်တွင် အဆိုပါစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။


အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် အမေရိကန် ဦးဆောင်သည့် စစ်ဘက်မဟာမိတ်အဖွဲ့များ၏ စည်းလုံးညီညွှတ်မှုနှင့် ခွန်အားကို ပြသခြင်းဖြစ်ကြောင်း နေတိုးမဟာမိတ်အဖွဲ့ စစ်ဦးစီးချုပ် Christopher Cavoli ကဆိုသည်။

ရုရှားနိုင်ငံအနီးရှိ နေတိုး အဖွဲ့ဝင်နယ်မြေများအားလုံးကို ကာကွယ်နိုင်ကြောင်းပြသသည့်အနေဖြင့် တပ်ဖွဲ့ဝင်ပေါင်း ၉၀၀၀၀ ကျော်နှင့် လပေါင်းများစွာ စစ်ရေးလေ့ကျင့်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

PAN