တမီလ်လူမျိုးများကို မှတ်ပုံတင်အတုပြုလုပ်ပေးသူတစ်ဦး ပေါင်မြို့နယ်တွင် ထပ်မံဖမ်းဆီးရမိ


ဇန်နဝါရီ ၂၂


တမီလ်လူမျိုးများကို မှတ်ပုံတင်အတုပြုလုပ်ပေးသူတစ်ဦး မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ထပ်မံဖမ်းဆီးရမိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ပေါင်မြို့နယ် ဝဲပတန်ကျေးရွာနေသူ မောင်မောင်လွင်ဆိုသူသည် သပြေကုန်းကျေးရွာနေ တမီလ်လူမျိုး မောင်စိုး ၏နေအိမ်သို့ ဖခင်ဖြစ်သူနှင့်ရင်းနှီးသဖြင့် ၂၀၂၃ နှစ်ကုန်ပိုင်းက ရောက်လာပြီး နိုင်ငံခြားသွားရန် မှတ်ပုံတင်ပြုလုပ်ရန် အခက်အခဲရှိနေပါက မိမိသည် နေပြည်တော်ရုံးချုပ်နှင့် ဆက်သွယ်ပြုလုပ်ပေး၍ရကြောင်းပြောဆိုကာ မှတ်ပုံတင်ပြုလုပ်ပေးမည်ဟု ယုံကြည်အောင်ပြောဆိုကာ ကိုမောင်စိုး အပါအဝင် အမေဖြစ်သူနှင့် ညီမဖြစ်သူတို့ ၃ ဦးအား ဖုန်းဖြင့်ဓာတ်ပုံရိုက်ယူပြီး စရံငွေ ၇သိနျးခှဲတောငျးယူသှားခဲ့ကွောငျး သိရသည်။

ယင်းကဲ့သို့ ငွေတောင်းယူပြီး တစ်လခန့်အကြာတွင်မှန်ပုံတင်ကဲ့သို့ ကဒ်ပြား ၃ ခုရောက်ပို့ဆောင်ကာ ကျန်ငွေ၇သိန်းခွဲကို ထပ်မံတောင်းယူသွားကြောင်း သိရသည်။
မှတ်ပုံတင်အတုပြုလုပ်ခံရသူ၏ ပြောဆိုချက်အရ မှတ်ပုံတင်အတုပြုလုပ်သူ မောင်မောင်လွင်ဆိုသူက ၎င်းအနေဖြင့် နေပြည်တော်ရုံးချုပ်ကနေ လုပ်ပေးလို့ရပြီး တစ်ယောက် ၅ သိန်းကုန်မှာဖြစ်ကြောင်းပြောဆိုခဲ့ကြောင်း သူတို့က မလေးရှားနိုင်ငံကိုသွားချင်တာကြောင့် မှတ်ပုံတင်လိုချင်ကြကြောင်း၊ မးမောင်မောင်လွင်ဆိုသူမှ ပြုလုပ်ပေး၍ရသည်ဟုဆိုသည့်အတွက် အားကိုးမိခဲ့သည်ဟု သိရသည်။

မောင်မောင်လွင်ဆိုသူ ပေးသည့် ကဒ်ပြား၌ ထုတ်ပေးသည့်ရက်စွဲမှာ ၂၀၁၉ ခုနှစ်နှင့်၂၀၂၂ ခုနှစ်ရက်စွဲများ ဖော်ပြပါရှိနေသည့်အတွက် မသင်္ကာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက်ပြသခဲ့ရာ ကဒ်ပြားထုတ်ပေးသူ ဦးစီးအရာရှိအမည် ဦးxxxx မှာ ပေါင်မြို့နယ်တွင်လုံးဝ တာဝန်ထမ်းဆောင်ဘူးသူမဟုတ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရှိရခဲ့ပြီး ၎င်းတို့ရရှိထားသော ကဒ်ပြားများမှာ အတုဖြစ်နေသည့်အတွက် မှတ်ပုံတင်အတုဖြင့် ငွေကြေးလိမ်လည်ယူဆောင်သူ မောင်မောင်လွင်ထံ ဆက်သွယ်ပြောကြားခဲ့ရာ မောင်မောင်လွင်မှ သက်ဆိုင်ရာကို တိုင်လျှင် အမှုထဲပါအောင်ဆွဲထည့်မည်ဟုခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု မှတ်ပုံတင်အတုပြုလုပ်ခံရသူထံမှသိရသည်။

ယင်းနောက် မှတ်ပုံတင်အတု ပြုလုပ်လိမ်လည်ခဲ့သည့် ပေါင်မြို့နယ် ဝဲပတန်ကျေးရွာနေသူ မောင်မောင်လွင်ဆိုသူအား ပေါင်မြို့ မြို့မရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀/၄၆၈ တို့အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့က ပေါင်မြို့နယ် ဇင်းကျိုက်နယ်မြေရဲစခန်းအပိုင်ဖြစ်သည့် ဖြူဘကျေးရွာတွင် တမီလ်လူမျိုးများထံ မှတ်ပုံတင်အတု လာပို့ပေးသူတစ်ဦးကိုလည်း ရဲက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်

#PAN

Telegram link

https://t.me/positiveanglenews