မိုးညှင်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ကလေးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဇန်နဝါရီ ၂၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၄ နာရီခွဲ အချိန်ခန့်က သက်သေများနှင့် အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ် ဆေးရှာဖွေစဉ် အောင်တင်ဝင်း(ခ)ကိုအောင် မောင်းနှင်ပြီး သိန်းကိုဌေး(ခ)သိန်းကို လိုက်ပါလာသည့် NISSAN AD အမျိုး အစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၁.၆၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၁၂.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅၆.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်တင်ဝင်း (ခ)ကိုအောင်၊ ၄၉ နှစ်နှင့် သိန်းကိုဌေး(ခ)သိန်းကို ၃၇ နှစ်တို့အား မိုးညှင်းမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်က သတင်းအရ သက်သေ များနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ရုံးပင်ဇောင်းကျေးရွာနေ ဇော်ဇော်(ခ)ဇော်ကြီး ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၆၁၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဇော်ဇော်(ခ)ဇော်ကြီး၊ ၂၆ နှစ်အား ဇေယျာသီရိမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇန်နဝါ ရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေစဉ် ပင်လောင်းမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ် ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မအေးအေးလှိုင် နှင့် မအေးအေးမော် တို့ထံမှ ဘိန်းစိမ်း အလေး ချိန် ၂၆ ကီလို ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၈ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့သဖြင့် မအေးအေးလှိုင် ၄၁ နှစ်နှင့် မအေးအေးမော် ၄၇ နှစ်တို့အား ကလောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

PAN