ဘိုင်ဒင်သည် အစ္စရေး၊ ဂါဇာတွင် ဖြစ်ပေါ်တိုး တက်မှုများကို နေတန်ညာဟုနှင့် ဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့

ဇန်နဝါရီ ၂၁

     အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဂါဇာကမ်းမြှောင်တောင်ပိုင်း၌ အစ္စရေးက စစ်ဆင်ရေးများ ပိုမိုတိုးချဲ့လုပ်ဆောင်နေချိန် ဇန်နဝါရီ ၁၉ ရက်၊သောကြာ နေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုနှင့် ဂါဇာကမ်းမြှောင်ဒေသ ဖြစ်ပေါ်တိုး တက်မှုများကို ဆွေးနွေးခဲ့သည်။ နောက်ထပ်အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ဖော်ခြင်း မရှိသော်လည်း သောကြာ နေ့နှောင်းပိုင်းတွင် ပိုမိုပြည့်စုံသော ကြေညာချက်တစ်ရပ် ထုတ်ပြန်မည်ဟု အိမ်ဖြူတော်ကပြောကြားခဲ့သည်ဟု ဆိုသည်။

      ဂါဇာတောင်ဘက်ပိုင်း၊အဓိကမြို့ Khan Yunis ရှိ Al-Amal ဆေးရုံတွင် အစ္စရေးမှ နိုင်ငံ သားများကို ပစ်မှတ်ထားကာ ဒရုန်းများဖြင့် ပစ် ခတ်၍ ပြင်းထန်သော သေနတ်သံများကြားနေရသည်ဟု လခြမ်းနီ အရာရှိ၏ သတင်းပို့ချက် ထွက်ပေါ်လာပြီးနောက် နေတန်ညာဟုနှင့် ဘိုင်ဒင်တို့ ဖုန်းခေါ်ဆိုမှု ဖြစ်လာကြောင်း The Jerusalem Post သတင်းတွင် ဖော်ပြထား သည်။

       အစ္စရေးတို့က ဂါဇာကမ်းမြောင်ဒေသမှ ဟားမတ်စ် အကြမ်းဖက်များ၏ အဓိက အခြေစိုက်စခန်းဖြစ်သော ခန်းယူနစ်မြို့ကို ယခုသီတင်းပတ် အတွင်း သိမ်းပိုက်ရန် ကြီးမားသည့် ခြေလှမ်း သစ်တစ်ရပ်ဖြင့် ပစ်ခတ်ချေမှုန်းနေသည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာ၌ ပါလက်စတိုင်း ၁၄၂ ဦး သေဆုံး၍ ၂၇၈ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ပွဲ သုံးလကျော်မှ သေဆုံးသူဦးရေ ၂၄,၇၆၂ ဦးအထိ တိုးမြင့်လာသည်ဟု ဟားမတ်စ်တို့ ဦးစီးသည့် ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

      အမေရိကန်သမ္မတ ဘိုင်ဒင်က အစ္စရေး ဝန်ကြီး ချုပ် နေတန်ညာဟုသည် နိုင်ငံနှစ်ခု ဖြေရှင်းချက်အားလုံးကို ဆန့်ကျင်ခြင်းမရှိကြောင်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့တွင် စစ်တပ်ဖွဲ့စည်းထားမှု မရှိသည်ကို သတိပြုမိပြီး၊ ဖြစ်နိုင်ခြေ အမျိုးအစားများစွာ ရှိသည်။ နေတန်ညာဟုနှင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများအကြောင်း ဆွေးနွေးခဲ့ပြီး လမ်း ကြောင်း တစ်ခုတွင် စစ်မဲ့အစိုးရတစ်ရပ် ပါဝင်နိုင် သည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဇန်နဝါရီ ၁၉ ရက်၊ သောကြာနေ့က ပြောကြားခဲ့သည်။

      နေတန်ညာဟုနှင့် ဘိုင်ဒင်၏ ခေါ်ဆိုမှုသည် တစ်လနီးပါးအတွင်း ပထမဆုံးဖြစ်၍ ဂါဇာ၌ အစ္စရေး၏ ဆက်လက်တိုက်ခိုက်နေမှုများအပေါ် အာရုံစိုက် ဆွေး နွေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပြီး၊ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ John Kirby က Biden သည် “အချိန်အနည်း ငယ်ကြာအောင် ဖုန်းဆက်ရန် ကြိုးစားခဲ့သည်” နှင့် “အစ္စရေး၏လုံခြုံရေးကို အာမခံချက် မရှိသော ပါလက်စတိုင်းနိုင်ငံတော်အား ကန့် ကွက်ကြောင်း” ကြာသပတေးနေ့က နေတန်ညာဟု ၏ မှတ်ချက်အား တုံ့ပြန်ပြောဆိုရာတွင် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

       ဘိုင်ဒင်က နေတန်ညာဟု တာဝန်ထမ်းဆောင်နေချိန်အတွင်း ပြည်နယ်နှစ်ရပ်ဖြေရှင်းချက် မဖြစ်နိုင်ဘူးလားဟု မေးမြန်းမှုအပေါ် မဟုတ်ကြောင်း ပြောကြားခဲ့ပြီး၊ နေတန်ညာဟု၏ မှတ် ချက်များ ပေးထားသည့် အစ္စရေး အခြေအနေများအပေါ် တစ်ခုခု လုပ်နိုင်မယ်ဟု ထင်မြင်ပြီး အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းတွေရှိကြောင်း ပြောကြားခဲ့သည်။ ဘိုင်ဒင်နှင့် နေတန်ညာဟုတို့သည် ဟားမတ်စ်တို့ထံမှ ကျန်ရှိသောဓားစာခံများ လုံခြုံစေရေး ကြိုးပမ်းမှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူ အညီများ ပိုမိုရရှိစေရေး၊ ဂါဇာ၌ ပိုမိုပစ်မှတ်ထား စစ်ဆင်မှုများသို့ ကူးပြောင်းသွားရေးတို့ကို ဆွေးနွေးခဲ့သည်ါ

       ဘိုင်ဒင်သည် ဟားမတ်စ်ကို တိုက်ခိုက်မှု၌ အစ္စ ရေးအား အခိုင်အမာထောက်ခံ အားပေးနေ သော် လည်း ပါလက်စတိုင်းများ သေဆုံးမှုကိုလျှော့ချရန် အစ္စရေးအားဖိအားပေးနေသည်ဟု ဆိုသည်။ သို့သော် ၎င်းတို့နှစ်ဦးသည် ပါလက်စတိုင်းလူမျိုးများ၏ အခြေ အနေ တစ်ရပ်အပေါ် သဘောတူညီမှုမရှိကြဘဲ ရေရှည်ငြိမ်းချမ်းရေးရရှိရန် ဘိုင်ဒင်မှ ထောက်ခံအားပေးသည့် အဖြေတစ်ခုဖြစ်ပြီး၊“အစ္စရေးရဲ့ လုံခြုံရေးကို အာမခံချက်ရှိတဲ့ အပြည့်အဝပေါင်းစည်းထားပြီး ဒေသတွင်း တာရှည်ခံငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် သမ္မတ၏ အမြင်ဖြင့် ပြည်နယ်နှစ်ခု ဖြေရှင်း ချက်ကိုလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ဖုန်းခေါ်ဆိုမှုအပေါ် အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။

        နေတန်ညာဟုက အစ္စရေး၏ လုံခြုံရေးကို အာမ မခံနိုင်သော ပါလက်စတိုင်းနိုင်ငံကို ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဝါရှင်တန်သို့ ပြောကြားခဲ့ပြီး “ဂျော်ဒန်မြစ် အနောက်ဘက် နယ်မြေတစ်ခုလုံးကို အစ္စရေးက လုံခြုံရေးထိန်းချုပ်ထားရမယ်။ အဲဒါက လိုအပ်တဲ့ အခြေအနေပဲ” ဟု ပြောကြားခဲ့ပြီး ဂါဇာတောင်ပိုင်းရှိ အဓိကမြို့ဖြစ်သည့် Khan Yunis မှ ဆေး ရုံတစ်ခုကို အစ္စရေးက ပစ်ခတ်ခဲ့သည်ဟု လခြမ်းနီအရာရှိများက ထုတ်ဖော်လိုက်ချိန်တွင် ဘိုင်ဒင်၏ ဖုန်းခေါ်ဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

#PAN