ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေတွေမှာ အဆောက်အအုံတွေ တည်ဆောက်ပါက အရေးယူမည်

ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေတွေမှာ အဆောက်အအုံတွေ တည်ဆောက်ပါက အရေးယူမည်


ဇန်နဝါရီ ၂၁

ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေတွေမှာ အဆောက်အအုံတွေ တည်ဆောက်ရင် အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ပြောပါတယ်။

လယ်မြေများကို ဥပဒေနဲ့အညီ ခွင့်ပြုချက်မရှိဘဲ မြိုမြေ၊ ရွာမြေကဲ့သို့ အခိုင်အမာအဆောက်အအုံများ ဆောက်လုပ်ခြင်း မျိုးသည် တည်ဆဲလယ်ယာမြေဥပဒေနှင့် လယ်ယာမြေနည်းဥပဒေများကို မျက်ကွယ်ပြု ဆောင်ရွက်နေခြင်းဖြစ်လို့ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမယ်လို့ ဆိုပါတယ်။

စိုက်ပျိုးမြေများ မလျော့ပါးစေရေးနှင့် တိုးပွားလာသော ပြည်သူလူထုအတွက် နေထိုင်နိုင်ရန် မြေနေရာ လုံလောက်ရေး၊ တိုးတက်ဖွံဖြိုးလာသော စက်ရုံအလုပ်ရုံများ အတွက် မြေနေရာအသုံးပြုနိုင်ရေးတို့ကို အခြေခံ၍ အဆိုပါလိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မည့်(Standard Operating Procedure–SOP)ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက် နေတယ်လို့လည်း ဝန်ကြီးဌာနကပြောပါတယ်။

PAN