အမရပူရမြို့နယ်ရှိ Golden Light ဘီယာဆိုင်တွင် ဘီယာ သောက်ပြီး ဘီယားဖိုးမရှင်းနိုင်ပဲ ထွက်ပြေးသူထံမှ လက်လုပ် သေနတ်အတိုတစ်လက် သိမ်းဆည်းရမိ

ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး ၊အမရပူရမြို့နယ်၊မှန်တန်းရပ်ကွက်၊စစ်ကိုင်း-မန္တလေး ကားလမ်းဘေးရှိ Golden Light ဘီယာဆိုင်သို့ ယနေညနေ ၅နာရီခွဲအချိန်ခန့်က အမည်မသိ အမျိုးသားတစ်ဦး အိတ်မဲတစ်လုံးနှင့် ရောက်ရှိလာကာ ဘီယာမှာသောက်ပြီး ဘီယားဖိုးမရှင်းနိုင်ပဲ ထွက်ပြေးရာမှ လက်လုပ်သေနတ်အတိုတစ်လက် သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ အမျိုးသားမှာ ဘီယာဖိုးမရှင်းသဖြင့် ဆိုင်တာဝန်ရှိသူမှ ရဲစခန်းသို့ အကြောင်းကြားစဥ် ၎င်းအမည်မသိ အမျိုးသား မှာ ယူဆောင်လာသော အိတ်အမဲအား ထားကာ ဘီယာဆိုင် အိမ်သာခြံစည်းရိုးကိုကျော်၍ ထွက်ပြေးသွားကြောင်း၊ ထွက် ပြေးသွားသူကျန်ခဲ့သည့် အမဲရောင်အိတ်အတွင်းမှ လက်လုပ်သေနတ် အတို ၁ လက်(ကျည်မပါ)အား တွေ့ရှိရပြီး၊ တာဝန် ရှိသူများမှ Golden Light ဘီယာဆိုင် ဝန်ထမ်းများအား စစ်ဆေးခဲ့ရာ ၎င်းအမျိုးသားမှာ အင်္ကျီ အပြာရောင်လက်ရှည်၊ ပုဆိုး ဝတ်ဆင်ထားပြီး ၎င်းစီးနင်းလာသော ၁၂၅ အနက်ရောင် ဆိုင်ကယ်တစ်စီးနှင့် ဂဟေဆော်သည့် ဝရိန်ပုံးတစ်ပုံးတို့အား ဆိုင်ရှေ့တွင် ထားခဲ့ကာ ဘီယာဆိုင်၏ အိမ်သာခြံစည်းရိုးအားကျော်၍ ထွက်ပြေးသွားကြောင်း သိရသည်။

၎င်း​နောက် ဘီယာဆိုင်ရှေ့တွင် ထွက်ပြေးသွားသူထားခဲ့သော ဆိုင်ကယ်အား တာဝန်ရှိသူများမှစစ်ဆေး၍ မိုင်းရှင်းလင်းခြင်း ပြုလုပ်ခဲ့ပြီး ဆိုင်ကယ်နှင့် ကျန်ရှိခဲ့သော ပစ္စည်းများအား သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

PAN