လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အုတ်ကျင်းဘူတာရုံလမ်းမှူးတို့နှစ်ဦးအား လူသတ်အ​ကြမ်းဖက် PDFတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ


ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ပန်းခြံကျောင်းလမ်းတွင် ယမန်နေ့ညနေ ၆နာရီကျော်အချိန်ခန့်က အုပ်ချုပ်ရေးမှူးနှင့်အုတ်ကျင်းဘူတာရုံလမ်းမှူးတို့နှစ်ဦးအား လူသတ်အ​ကြမ်းဖက် PDFတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ လှိုင်မြို့နယ် (၁၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျင်ဖျောက်(၇၃)နှစ် နှင့် အုတ်ကျင်းဘူတာရုံလမ်းမှူး ဦးသန်းမြင့် (၇၀)နှစ်ခန့်တို့သည့် စက်ဘီး (၁)စီးစီဖြင့် (၁၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လာစဉ် ပန်းခြံကျောင်း လမ်း၊ အလက(၇)ကျောင်းရှေ့အရောက်၌ စက်ဘီးဖြင့် လူ(စိစစ်ဆဲ)မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့​​ကြောင်း၊အဆိုပါ ပစ်ခတ်မှုကြောင့် ဦးကျင်ဖျောက်၌ ဝမ်းဗိုက် ယာဘက် ထိမှန်ဒဏ်ရာ (၁)ချက်၊ ဝဲရင်အုံ ထိမှန်ဒဏ်ရာ (၁)ချက်၊ ဝဲပေါင် ထိမှန်ဒဏ်ရာ (၁)ချက်(စိုးရိမ်ရ)၊ ဦးသန်းမြင့် ၌ ဦးခေါင်းဝဲဘက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝမ်းဗိုက် ယာဘက် ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ရင်အုံ ဝဲ/ယာအထက် ထိမှန်ဒဏ်ရာ (၂)ချက်ဖြင့် ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 380 PAC ကျည်ခွံ (၈)ခု တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။

#PAN

Telegram link