“မြောက်ကိုရီးယားက ရေအောက်နျူကလီးယား လက်နက်စနစ်ကို စမ်းသပ်မှုပြုလုပ်

ဇန်နဝါရီလ ၂၀

  မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန်နိုင်ငံတို့ လုပ်ဆောင်သော ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို တုံ့ပြန်သည့်အနေဖြင့် ရေအောက်နျူကလီးယား လက်နက်စနစ်တစ်မျိုးကို စမ်းသပ်မှုပြုလုပ် ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်။
  အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘောဖြစ်သည့် ကားဗင်ဆင်နှင့် ပရင့်စတန် အကြီးစား စစ်ရေ ယာဉ်တို့အပြင် ဂျပန်ရေတပ်နှင့် တောင်ကိုရီးယားရေတပ်တို့မှ စစ်ရေယာဉ်များပါဝင်သည့် သုံးနိုင်ငံပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ဂျယ်ဂျူးကျွန်းရေပြင်၌ ဇန်နဝါရီလ ၁၅ ရက်မှစ၍ သုံးရက်ကြာလုပ်ဆောင်ကြောင်း မြောက်ကိုရီး ယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
  အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် ဒေသတွင်းအခြေအနေတည်ငြိမ်မှုကို ပျက်ပြားစေပြီး မြောက်ကို ရီးယားနိုင်ငံ၏ လုံခြုံရေးကို ဆိုးဆိုးဝါးဝါးခြိမ်းခြောက်နေကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
  ထို့ကြောင့် အဆိုပါစစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားကာကွယ်ရေးသိပ္ပံ အကယ်ဒမီလက်အောက်ရှိ ရေအောက်လက်နက်စနစ်ဆိုင်ရာ အဖွဲ့အစည်းက ကိုရီးယားအရှေ့ပင်လယ်၌ ရေအောက်နျူကလီးယား လက်နက်စနစ်ကို စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
  ထိုလက်နက်စနစ်သည် Haeil-5-23 အမည်ရှိစနစ်ဖြစ်ပြီး လက်ရှိအချိန်တွင် တီထွင်ဖန်တီးဆဲအဆင့် တွင်သာ ရှိသေးကြောင်းသိရသည်။

#PAN

Telegram link

https://t.me/positiveanglenews