မြင်းခြံ-မြို့သာသွား ကားလမ်းဘေး၊ ကျောက်ကန်ကျေးရွာ အနီး၌ ပြည်သူ့စစ်-ဌာနေအဖွဲ့ဝင် အမျိုးသား ၁ ဦး ခေါင်းပြတ်လျက်သေဆုံး

ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-မြို့သာသွား ကားလမ်းဘေး၊ ကျောက်ကန်ကျေးရွာအနီး၌ ယမန်နေ့မွန်း တည့် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အမျိုးသားတစ်ဦး ခေါင်းပြတ်လျက် သေဆုံးနေကြောင်း သိရှိရသည်။

အဆိုပါ ကျောက်ကန်ကျေးရွာအဝင် ဆိုင်းဘုတ်အနီးတွင် ခေါင်းပြတ်လျက်သေဆုံးနေသူမှာ ဦးမင်းလှိုင်၊ ၄၆ နှစ်၊ (ဘ)ဦးချစ် သန်း(ပြည်သူ့စစ်-ဌာနေအဖွဲ့ဝင်)အား ဦးခေါင်းပြတ်လျက် ရင်ဘတ် ထိုးသွင်းဒဏ်ရာ ၁၃ ချက်ဖြင့် သေဆုံးနေကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူသည် ၁၇-၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက ကျောက်ကန်ကျေးရွာရှိ နေအိမ်မှ နံပါတ်မပါ KENBO အနက် ရောင်ဆိုင်ကယ်ဖြင့် ငါန်းဇွန်မြို့နယ်၊ပေါက်တောချောင်ကျေးရွာနေ ဆွေမျိုးတော်စပ်သူ ဒေါ်အုန်းမြင့်ထံ လူမမာသတင်းမေး ရန် တစ်ဦးတည်းသွားရောက်ခဲ့ရာ အချိန်တန်သည်ထိ ပြန်ရောက်မလာဘဲ အခင်းဖြစ်နေရာ၌ ဓါးဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရကြောင်းသတင်းရရှိသည်။

PAN