ဗဟိုဘဏ်က ထိုင်းဘတ် သန်း ၅၀ ထုတ်ရောင်းပေး


ဇန်နဝါရီ ၂၀

ထိုင်းဘတ် သန်း ၅၀ ကို ဇန်နဝါရီလ ၁၉ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်မှာ ထုတ်ရောင်းပေးလိုက်တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်၊ ၅ ရက် နဲ့ ၁၅ ရက်တွေကလည်း အမေရိကန်ဒေါ်လာ ၄၅ သန်းနီးပါး ထုတ်ရောင်းခဲ့ပြီးဖြစ်သလို အခုတစ်ကြိမ်မှာတော့ ထိုင်းဘတ်ငွေများ ထုတ်ရောင်းပေးတာဖြစ်ပါတယ်။ အခုလို နိုင်ငံခြားငွေတွေ ထုတ်ရောင်းပေးတဲ့ အတွက် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့လည်း နိုင်ငံခြားငွေ ဝယ်ယူရေး အခက်အခဲကို အထိုက်အလျောက် ဖြေရှင်းနိုင်ခဲ့ တယ်လို သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ရာမှာ နိုင်ငံခြား ငွေလဲ နှုန်းကို သတ်မှတ် ပေးမှာမဟုတ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုတယ် လိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်က ကြေညာထားပြီးဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၉ ရက် မနက်ပိုင်းမှာတော့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ ထိုင်းဘတ် တစ်ထောင်ကို မြန်မာကျပ်ငွေ တစ်သိန်းနီးပါး ပေါက်ဈေးရှိနေပါတယ်။

PAN