ပုသိမ်ကြီးမြို့နယ်တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမည်မသိ အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိ

ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာ အရှေ့တောင်ဘက်၊ မတ္တရာမြို့နယ်အစပ် မီးရထားသံလမ်း အရှေ့ဘက် ၁၀ ပေခန့် အကွာတွင် ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အမည်မသိ၊ အမျိုးသားတစ်ဦးကို လူသတ် အကြမ်းဖက် PDF အဖွဲ့က သေနတ်ဖြင့် ဦးခေါင်းပွင့်ထွက်အောင် ပစ်သတ်သွားကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးသူမှာ သက် ၃၅ နှစ်ခန့်ရှိသူဖြစ်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် မျက်နှာအား အင်္ကျီအဖြူစ အုပ်လျက် သေဆုံးနေကြောင်း၊ ၎င်း၏ဘေးတွင် အမျိုးအစား၊ အမှတ်တံဆိပ်မပါ ကျည်ခွံ ၂ ခွံ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

PAN