ဟူသီသူပုန်များအား အမေရိကန်၏ တိုက်ခိုက်မှုသည် ပင်လယ်နီတိုက်ခိုက်မှုကို မရပ်တန့်ကြောင်း သမ္မတဘိုင်ဒန်ပြော


ဇန်နဝါရီ ၁၈

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်၏ တိုက်ခိုက်မှုများသည် ပင်လယ်နီအတွင်း ဟူသီများ၏ စစ်ဆင်ရေးများကို ဟန့်တားနိုင်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
ယမန်နေ့ ကြာသပတေးနေ့က ယီမင်ရှိ ဟူသီသူပုန်စခန်းကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက် ဟူသီသူပုန်များက အမေရိကန်နိုင်ငံပိုင် mv chem ranger ဆီတင်သင်္ဘောကို သင်္ဘောဖျက်ဒုံးကျည်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ကြီးကြီးမားမားပျက်စီးမှုနှင့် လူထိခိုက်မှုမရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ပြန်ပြောကြားခဲ့သည်။
အမေရိကန်၏ တိုက်ခိုက်မှုအပြီးတွင် သတင်းထောက်များမှ ဟူသီသူပုန်များ၏ ပစ်မှတ်များအားတိုက်ခိုက်ခြင်းသည် အလုပ်ခြစ်မဖြစ် သမ္မတဘိုင်ဒန်အားမေးမြန်းရာတွင် ဟူသီသူပုန်များ၏ ပင်လယ်နီတိုက်ခိုက်မှုကို မရပ်တန့်ကြောင်း ၎င်းကဆိုသည်။
ပင်တဂွန်စစ်ဌာနချုပ်၏ လက်ထောက် သတင်းထုတ်ပြန်ရေးအတွင်းဝန် Sabrina Singh မှ အမေရိကန်သည် စစ်ပွဲရှာဖွေနေခြင်းမဟုတ်သကဲ့သို့ ဟူသီသူပုန်များနှင့် စစ်တိုက်နေခြင်းမဟုတ်ပဲ သဘာဝအရ ခုခံကာကွယ်ခြင်းသာဖြစ်ကြောင်းပြောကြားခဲ့သည်။

#PAN

Telegram Link

https://t.me/positiveanglenews