ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက  ကာတာနိုင်ငံ၏ State Minister for Foreign Affairs ဖြစ်သူ Mr. Soltan bin Saad Al-Muraikhi နှင့် တွေ့ဆုံ

ဇန်နဝါရီ ၁၉

      ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပပြု လုပ်လျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ကာတာနိုင်ငံ၏ State Minister for Foreign Affairs ဖြစ်သူ Mr. Soltan bin Saad Al-Muraikhi နှင့် ဇန်နဝါရီ  ၁၇ ရက်တွင် ရန်ဇိုရီကွန်ဗင်းရှင်းစင်တာ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

      ထိုသို့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်း ချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာ နိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ – ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့တွင်း ပူးပေါင်း ဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။

#PAN