ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်

ဇန်နဝါရီ ၁၉

     ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် ယူဂန်ဒါသမ္မတ နိုင်ငံ သမ္မတ H.E. Mr. Yoweri Kaguta Museveni ၏ ဖိတ်ကြားချက်အရ ဒုတိယဝန် ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇-၁၈ ရက်များတွင် ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန် ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက် လျက်ရှိသည်။

       ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ ခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကာ ရန်ဇိုရီ ကွန်ဗင်းရှင်း စင်တာ၌ ကျင်းပသည့် မျက်နှာစုံညီအစည်း အဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် မိန့်ခွန်းများ ပါဝင်ပြောကြားကြသည်။

       ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန် ကြီး ဦးသန်းဆွေသည် ဇန်နဝါရီ ၁၇ ရက်၊ မွန်းလွဲပိုင်းတွင် မိန့်ခွန်းတစ် ရပ် ပါဝင်ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးက ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ လက်ရှိဥက္ကဋ္ဌ အဇာဘိုင်ဂျန်နိုင်ငံနှင့် ဥက္ကဋ္ဌသစ်အဖြစ် မကြာမီ လွှဲပြောင်းတာဝန်ယူဆောင်ရွက်မည့် ယူဂန်ဒါနိုင်ငံတို့၏ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယနေ့ကမ္ဘာကြီး သည် အပြည်ပြည်ဆိုင်ရာ လုံခြုံ ရေးကိစ္စရပ်များ အပါအဝင် ဘက်ပေါင်းစုံတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်တွေ့ကြုံရလျက်ရှိရာ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့်  ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး၏ ဘုံအကျိုးစီးပွားအတွက် အရေးပါသောအဖွဲ့ကြီးအဖြစ် ဆက်လက်ရပ် တည်သွားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်ထူ ထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ မူဝါဒများကို အပြည့်အဝလိုက်နာလျက်ရှိပါကြောင်း၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် အဖွဲ့ကြီး၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ စည်းလုံးညီညွတ်မှု ကို ဆက်လက်ထိန်း သိမ်းသွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့်အားလုံး၏ ငြိမ်း ချမ်းရေး၊ သာယာဝပြောရေး၊ တရားမျှတမှု၊ တန်းတူညီတူရှိမှုနှင့် ဖွံ့ဖြိုးတိုး တက်ရေး တို့အတွက် အခြားသော ဘက်မလိုက်လှုပ် ရှားမှု အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အတူတကွ လက် တွဲပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးပြောကြား ခဲ့သည်။ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်း အဝေး၌ နိုင်ငံ တော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင် ရွက် နေမှုများနှင့် မြန်မာ နိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုး တက်မှု အခြေအနေများကိုလည်း ထည့်သွင်း ရှင်း လင်းပြောကြားခဲ့သည်။

       ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန် ကြီးများ အစည်းအဝေးအတွင်း နိုင်ငံခြား ရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် ဘက်မလိုက်လှုပ် ရှားမှုအဖွဲ့၏ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ထို့ပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး၊ ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်း ချက်များ ပြည့်မီစေရေး၊ ရာသီဥတု ပြောင်းလဲရေး စိန်ခေါ်မှုများ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆိုင်ရာကိစ္စများတွင် အတူတကွ ပူးပေါင်းဆောင် ရွက်ရေးတို့အပေါ် ဆွေးနွေးခဲ့ကြသည်။ အဖွဲ့ဝင် နိုင်ငံများသည် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံအလိုက် ဖြစ်ပေါ်တိုးတက် မှုများကိုလည်း ထည့်သွင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

       အိမ်ရှင် ယူဂန်ဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gen. Odongo Jeje Abubakhar က ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက် လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများကို ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းတွင် အာဖရိက ယဉ်ကျေးမှုအကအလှများ ပါဝင်သည့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

       ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ နှင့် ၁၆ ရက်များတွင် ကျင်းပခဲ့ရာ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

      ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement – NAM) ကို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုး စီးပွား မြှင့်တင်ရေးအတွက် ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး၊ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၌ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၂၀) နိုင်ငံ ပါဝင်သည်။ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း သိရှိရပါသည်။

#PAN