ပုတိမ်ရိုးကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကာလမ်းဘေး ကားလက်မှတ်ရောင်းသူ ၁ ဦးပစ်သတ်ခံ

ဇန်နဝါရီလ ၁၉

ယမန်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့သစ်၊ ပုတိမ်ရိုးကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကာလမ်းဘေး ကားလက်မှတ်ရောင်းသူ ၁ ဦးပစ်သတ်ခံရကြောင်းသိရှိရပါသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မော်လမြိုင်ကာလမ်းဘေး ကားလက်မှတ်ရောင်းသူ ကိုမျိုးမင်းဆိုသူကို KNU/PDF အကြမ်းဖက်အဖွဲ့မှ ဆိုင်ကယ်ဖြင့် လာရောက်၍ ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ရာ ရင်ဘက် ၃ ချက်၊ ဦးခေါင်းနောက်စေ့ ၂ ချက် ထိမှန်ဒဏ်ရာများဖြင့် အခင်းနေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါကို ကိုမျိုးမင်းဆိုသည် NLD ပါတီကို အားပေးထောက်ခံသူ အမာခံတဦးဖြစ်ကြောင်းသိရသလို ဘာ့ကြောင့် အခုလို ပစ်သတ်သွားရသည်ကို မသိရှိရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရပါသည်။

#PAN