ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့တွင် အအေး ဆက်လက်ပိုနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင် မိုးထစ်ချုန်းရွာနိုင်

ဇန်နဝါရီ ၁၈

     ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နောက် ၂ ရက် အတွင်း ညအပူချိန်များ အနည်း ငယ်လျော့နည်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက  ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်အသိပေးထားပါတယ်။

     ဇန်နဝါရီလ ၁၇ ရက် ညနေအထိ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ် ချုန်းရွာသွန်းပြီး  ရွာရန်ရာခိုင်နှုန်း ၈၀ ဖြစ်ကြောင်းနှင့် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမှာဖြစ်ကြောင်းလည်း မိုး/ဇလ က ထုတ်ပြန်ထားပါတယ်။ 

       ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေမည်ဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၃ ပေ ကနေ ၆ ပေခန့် ရှိနိုင်ကြောင်း သိရပါတယ်။

#PAN