မုံရွာမြို့နယ်၊ မြင်းမူမြို့နယ်တို့တွင် မိုင်းထောင်နေသည့် အကြမ်းဖက် PDF များကို နယ်မြေရှင်းလင်းရေးစစ်ကြောင်း များကရှင်းလင်းရာ အကြမ်းဖက်အလောင်နှင့် လက်နက် ခဲယမ်းများသိမ်းဆည်းရမိ

ဇန်နဝါရီ ၁၈

ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးတွင် မိုင်းထောင် နေကြောင်း သတင်းအရ နယ်မြေလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းခဲ့ကြောင်း သိရှိရှိရပါသည်။

အဆိုပါ နေရာသို့ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် မိုင်းထောင်နေသည့် အကြမ်းဖက် PDF များကို တွေ့ရှိရ၍ ပစ်ခတ် ဖမ်းဆီးခဲ့ရာ အကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်မိုင်း ၁ လုံး၊ ၁၂ ဗို့ ဘက္ထရီ ၁ လုံး၊ ဝါယာကြိုး ၁ ခွေ၊ မိုင်းခလုတ် ၁ ခု၊ ဖုန်း ၂ လုံး၊ ဘေးလွယ်အိတ်(စိမ်း) ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

ထို့အတူ နံနက် ၁၀ နာရီအချိန်ခန့်တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် အကြမ်းဖက် PDF များနှင့် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေသော လုံးခြုံရေးတပ်ဖွဲ့ဝင်များ ထိတွေပစ်ခတ်မှုဖြစ်ပွားခဲ့ရာ၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၅ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသတွင်းပြည်သူများက အကြမ်း PDF များနှင့် အတူရပ်တည်၍ မရနိုင်တော့သဖြင့် နိုင်ငံတော်၏ တပ်ရင်းတပ်ဖွဲ့များထံ လျှိုဝှက်သတင်း ပေးပို့မှုများ များပြားလာလျှက်ရှိကြောင်း သိရှိရပါသည်။

PAN