ပါကစ္စတန်က အီရန်ကို လက်တုံ့ပြန်သည့် တိုက် ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကိုးဦး သေဆုံးခဲ့

ဇန်နဝါရီ ၁၈

     အင်္ဂါနေ့နှောင်းပိုင်းတွင် အီရန်က ပါကစ္စတန်ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်က အီရန်နိုင်ငံသို့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ လူကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်း၏ တိုက်ခိုက်မှုများသည် အီရန်နိုင်ငံ အရှေ့ တောင်ပိုင်း Sistan-Baluchestan ပြည်နယ်တွင် အကြမ်းဖက်သမားများ ခိုအောင်းရာနေရာများကို ထိမှန်ခဲ့ကြောင်း ပါကစ္စတန်က ပြောကြားခဲ့သည်။

      အမျိုးသမီး သုံးဦး၊ အမျိုးသား နှစ်ဦးနှင့် ကလေး လေးဦး သေဆုံးခဲ့ကြောင်း အီရန် နိုင်ငံပိုင် ရုပ်မြင်သံကြားက ပြောကြားခဲ့သည်။

    အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်မားနေပြီး တစ်ချိန်တည်းဖြစ်ပေါ်နေသော အကျပ် အတည်းများနှင့်အတူ အပြန်အလှန်လေကြောင်းတိုက်ခိုက်မှုများ ထွက်ပေါ်လာသည်။

      အစ္စရေးသည် ဂါဇာရှိ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်နေပြီး လက်ဘနွန်တွင် အီရန်ကျော ထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာများနှင့် အပြန်အလှန် ပစ်ခတ်မှုများ၊ အီရတ်နှင့် ဆီးရီးယားရှိ အီရန်ကျော ထောက်နောက်ခံပြုအဖွဲ့များက အမေရိကန်တပ်ဖွဲ့များကို ပစ်မှတ်ထားတိုက် ခိုက်နေပြီး အမေရိကန်နှင့် ဗြိတိန်တို့က ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များကို တိုက်ခိုက်လျက်ရှိသည်။

      ပါကစ္စတန်နှင့် အီရန်တို့သည် ၎င်းတို့၏ နယ် စပ်တလျှောက်ရှိ ဒေသများမှ တိုက်ခိုက်မှုများကို လုပ် ဆောင်သည့် စစ်သွေးကြွအုပ်စုများကို လက်ခံထား သည်ဟု အပြန်အလှန်စွပ်စွဲခဲ့သည်မှာ ကြာပြီဖြစ် သည်။

       ကြာသပတေးနေ့တွင် ပါကစ္စတန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ၎င်း၏တိုက်ခိုက်မှုကို အတည် ပြုခဲ့ပြီး Saravan မြို့တစ်ဝိုက်တွင် ဖြစ်ပွားခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့သည်။ ဖြစ်ပွားလာဖွယ်ရှိသော ကြီးမားသော အကြမ်း ဖက်လှုပ်ရှားမှုများကို ယုံကြည်စိတ်ချရသော ထောက်လှမ်းမှုဖြင့် လုပ်ဆောင်ခဲ့ကြောင်းနှင့် အကြမ်းဖက်သမား အများအပြားသေဆုံး ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။  အီရန်၏ “အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာ” ကို အပြည့်အဝ လေးစားကြောင်း ၎င်းကဆိုသည်။

      ၎င်း၏ကိုယ်ပိုင်ထုတ်ပြန်ချက်တွင် ပါကစ္စတန်စစ်တပ်က “တိကျသောတိုက်ခိုက်မှု” ကို ဒရုန်းများ၊ ဒုံးပျံများနှင့် တာဝေးပစ်ဒုံးကျည်များဖြင့် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ၎င်းတို့သည် Balochistan လွတ်မြောက်ရေးတပ်မ တော်နှင့် Balochistan လွတ်မြောက်ရေးတပ်ဦးတို့ကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ဆိုသည်။ ၎င်းတို့ အုပ်စုသည် ပါကစ္စတန်အနောက်တောင်ပိုင်းရှိ ဝေးလံသောဒေသဖြစ်သည့် Balochistan တွင် ဆယ်စုနှစ်များစွာကြာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

      အီရန်နယ်စပ်အနီး ပါကစ္စတန်နိုင်ငံ Balochistan ပြည်နယ်တွင် ကလေးနှစ်ဦး သေ ဆုံးခဲ့ပြီး အစ္စလာမ်မာဘတ်က ကလေးနှစ်ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်က အင်္ဂါနေ့က ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ အီရန်က ၎င်းတို့၏ တိုက်ခိုက်မှုများသည် အီရန်နိုင်ငံအတွင်း တိုက် ခိုက်မှုများကို လုပ်ဆောင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံ သားများကို မဟုတ်ဘဲ Baloch Sunni မူဆလင်အဖွဲ့ Jaish al-Adl ကိုသာ ရည်ရွယ်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

     နှစ်နိုင်ငံစလုံး၏ ခိုင်မာသော မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံက နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်းနှင့် တိုးမြင့်လာမှုကို ရှောင်ရှားရန် တောင်းဆိုထား သည်ဟု BBC သတင်းအရ သိရပါသည်။

#PAN