ပါကစ္စတန်က သံအမတ်ကြီးကို ပြန်ခေါ်မည်ဟု အီရန်ကို အကြောင်းကြား

ဇန်နဝါရီ ၁၈

     ပါကစ္စတန်နိုင်ငံက ၎င်းတို့၏အီရန်နိုင်ငံဆိုင်ရာသံ အမတ်ကြီးကိုပြန်ခေါ်သွားမည်ဟု အီရန်ကို အကြောင်း ကြားလိုက်ကြောင်း သိရသည်။ ဇန်န ဝါရီလ ၁၆ ရက်တွင် ပါကစ္စတန်နယ်မြေအတွင်း အီရန်တို့၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ဇန်နဝါရီလ ၁၇ တွင် ယခုကဲ့သို့ အကြောင်း ကြားလိုက်ခြင်း ဖြစ်သည်။ အီရန်နိုင်ငံ၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့သည် ပါကစ္စတန်နိုင်ငံ အနောက် တောင်ပိုင်း ဘာလိုချီစတန်ဒေသရှိ အကြမ်း ဖက်အဖွဲ့တစ်ခု၏ အခြေစိုက်စခန်းကို အမြင့်ပျံဒုံး ကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

  ယခုကဲ့သို့ တိုက်ခိုက်မှုသည် အီရန်နိုင်ငံအနေဖြင့် ပါကစ္စတန်မြေပေါ်သို့ ပထမဆုံးတိုက်ခိုက်မှုဖြစ်ကာ ယင်းတိုက်ခိုက်မှုတွင် ကလေးငယ်နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာ ရရှိသည်။ အဆိုပါ လုပ်ရပ်ကြောင့် ပါကစ္စတန်က အီရန်နိုင်ငံအပေါ် အပြစ်တင်ရှုတ်ချပြီး တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများ မှတစ်ဆင့် ကြိုတင်သတိပေးညှိနှိုင်းမှုမရှိသည့်အတွက်လည်း စိုးရိမ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန် ထားသည်။

     ထို့ပြင် အီရန်တို့၏ တိုက်ခိုက်မှုသည်အကြောင်းမဲ့သက်သက် လုပ်ဆောင်ခြင်းဖြစ် ကြောင်း၊ ပါကစ္စတန်၏ အချုပ်အခြာအာဏာကို အီရန်က ကျူးကျော်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံ တကာဥပဒေ၊ ကုလသမဂ္ဂ၏ ပဋိညာဉ်နှင့် ရည် ရွယ်ချက်များကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန် ထားသည်ဟု Sputnik သတင်းဌာနတွင် ဖော် ပြထားသည်။

#PAN