ဒိုက်ဦးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့လဘက်ရည်ဆိုင်ထိုင်နေစဥ် အကြမ်းဖက်သမားများ၏လုပ်ကြံခြင်းခံရ တစ်ဦးသေဆုံး

ဇန်နဝါရီ ၁၈

ယနေ့နံနက် ၉ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လဘက်ရည်ဆိုင်တွင်ထိုင်နေသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့အား အကြမ်းဖက်သမားများမှ လုပ်ကြံပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ဒိုက်ဦးမြို့ ၊ ဖအောင်ဝဲရပ်ကွက်ရှိ”ဟိန်းကျော်”လက်ဖက်ရည်ဆိုင်တွင် ဦးခင်ဝင်း၊ အသက် ၆၈ နှစ်ရှိ အဖအောင်ဝဲရပ်ကွက်(အုပ်ချုပ်ရေးမှူး)သည် ဦးခင်မောင်အေး၊ ၆၀ နှစ်၊ (ဘ)ဦးလှတင် လိပ်စာတူနေသူ၊ (ရာအိမ်မှူး)တို့သည် လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် အမည်မသိ ၂ နှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်အမျိုးအစားစိစစ်ဆဲအတို ၁ လက်ဖြင့် ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းမှာ ဦးခေါင်းနောက် ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး အတွင်းလူနာ(စိုးရိမ်ရ)၊ ရာအိမ်မှူးဦးခင်မောင်အေးမှာ ဝဲဘက်ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။