ဂါဇာကမ်းမြောင်ဒေသမှာ စံချိန်တင် အင်တာနက်ပြတ်တောက်

ဇန်နဝါရီ ၁၈

ဂါဇာကမ်းမြောင်ဒေသမှာ စံချိန်တင် အင်တာနက်ပြတ်တောက်မှုဖြစ်ပေါ်နေကြောင်း လန်ဒန်အခြေစိုက် အင်တာနက်လွှမ်းခြုံမှုများ စောင့်ကြည့်တဲ့ Netblocks အဖွဲ့က ထုတ်ပြန်ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသမှာ အင်တာနက်ပြတ်တောက်မှုဖြစ်ပွားနေတာ ၇၂ နာရီကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်။
ဒီပြတ်တောက်မှုဟာ အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ချိန်ကစပြီး စံချိန်တင်ပြတ်တောက်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသဟာ လျှပ်စစ်၊ အင်တာနက်အပါအဝင် သောက်သုံးရေ အားလုံးကို အစ္စရေးနိုင်ငံဘက်က ရယူသုံးစွဲနေရတာကြောင့် စစ်ပွဲစတင်ချိန်က စပြီး ကန့်သတ်ခံနေရတာဖြစ်ပါတယ်။

PAN