အလင်းဝင်မယ်ဆိုတာကြောင့် သေနတ်ဖြင့်ပစ်ခံရသည့် မန္တလေးမှ PDF လူငယ်

ဇန်နဝါရီ ၁၇

ဇန်နဝါရီလ(၁၆)ရက်မနက် (၁၁)နာရီခန့်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊မန္တလေးကန်တော်ကြီးတက်သေးအင်း၊ကန်ပတ်လမ်း ကုက္ကိုလ်ကျွန်းစားသောက်ဆိုင်အနီးတွင် အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကုက္ကိုလ်ကျွန်းစားသောက်ဆိုင်အနီးမှာဖြစ်တာပါ 125 နဲ့လာတာ အနောက်က နှစ်ယောက်က လိုက်ပစ်တာပဲ ဘာကြောင့်လဲတော့မသိဘူး” ဟု မြို့ခံတစ်ဦးကပြောသည်။

ဆိုင်ကယ်စီးနင်းလာသည့် လူငယ်အမျိုးသားတစ်ဦးကို အနောက်မှဆိုင်ကယ်ဖြင့်လိုက်လာသည့် အမည်မသိအမျိုး သားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ပြီးထွက်ပြေးသွားခဲ့ရာ သေနတ်ဖြင့်ပစ်ခံရသူမှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သောကြောင့် ရုပ်အလောင်းကို လူနာတင်ယာဥ်ဖြင့် ဆေးရုံကိုပို့ဆောင်ခဲ့ကြောင်းသိရသည်။

အွန်လိုင်းမီဒီယာများတွင် သေဆုံးသွားသူမှာ PDFတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အလင်းဝင်မည်ဟုဆိုသည့်အတွက် အချင်းချင်း၊နှုတ်ပိတ်သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ဖော်ပြနေကြသည်။

PAN