မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ အုန်းပေါင်ကျေးရွာရှိ top star စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီ ၁၇
ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ အုန်းပေါင်ကျေးရွာ ရှိ top star စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါမီးလောင်မှုကြောင့် ဆီတင်ယာဉ် ၁ စီးနှင့် ဆီပေပါ အလုံး ၁၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း ဒေသခံပြည်သူ တဦးထံမှသိရှိရပြီး မိုးကောင်းမြို့နယ်မီးသတ်စခန်း ၊ ပင်းဘောနယ်မြေမီးသတ်စခန်း ၊ ဆားမှော်နယ်မြေမီးသတ်စခန်း ၊ လက်ကမ်းပရဟိတအသင်း ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့နှင့်ကျေးရွာသူ ကျေးရွာသားများက မီးသတ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာ မိနစ် ၄၀ ကျော်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး
ညနေ ၄ နာရီတွင် အပြီးသတ် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews