ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၆၀၀ နီးပါး ထပ်မံခေါ်ယူထား”

ဇန်နဝါရီလ ၁၇

   ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၆၀၀ နီးပါးကို ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။ မြန်မာသံရုံး၊ တိုကျို မြို့မှ ဇန်နဝါရီလ ၁ ရက်ကနေ ဇန်နဝါရီလ‌ ၁၅ ရက်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပြီး ပေးပို့ပြန်ကြားခဲ့တဲ့ အလုပ်ကမ်းလှမ်းစာ ၁၉၀ ခုနဲ့ ပတ်သက်တဲ့အချက်အလက်များအား အသိပေးထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။
ဂျပန်ကုမ္ပဏီများက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် ကမ်းလှမ်းလာသည့် အလုပ်ကမ်းလှမ်းစာ ၁၉၀ ခုအတွက် အလုပ်သမား ၅၉၂ ဦး ခေါ်ယူထားခြင်းဖြစ်ပါတယ်။ မြန်မာသံရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ( Demand Letter )များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
ယင်းသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန ကနေတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည် ပေးပို့လျက်ရှိကြောင်း သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews