မြောက်ကိုရီးယား၏ အဆန်းသစ်ဆုံးသော အစိုင် အခဲလောင်စာ ICBM စမ်းသပ်ပြီး ဒရုန်းများ  ပြန်လည်ထွက်ပေါ်လာ

ဇန်နဝါရီ ၁၆

      တရုတ်နိုင်ငံ၏ လူမှုမီဒီယာပလက်ဖောင်း Weibo တွင် တင်ထားသော ဓာတ်ပုံများသည် နိုင်ငံ၏အဆင့်မြင့်ဆုံး ဒရုန်းများထဲမှ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ၏ ယခင်က ထုတ်ဖော်ပြသခြင်းမရှိသော စစ်ဆေးခြင်းမှ ပုံရိပ်များ ဖြစ်ပုံရသည်။  ၎င်းတို့သည် အမေရိကန်လုပ် RQ-4 Global Hawk နှင့် MQ-9 Reaper မောင်းသူမဲ့လေယာဉ်များ (UAVs) ၏ ထင်ရှားသည့် အတိအကျနီးပါး မြင်သာသော ပုံတူများဖြစ်သည်။  တနင်္ဂနွေနေ့တွင် မြောက်ကိုရီးယားသည် ၎င်း၏ ကာလရှည်ကြာ မျှော်လင့်ထားသည့် လောင်စာဆီ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBM) စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး ဒုံးကျည်ထိပ်တွင် စိတ်ဝင် စားဖွယ် ပစ္စည်းကိရယာတတစ်ခု ပါရှိသည်ဟု The Drive သတင်းတွင် ဖော်ပြထားသည်။

       တရုတ်စစ်တပ်ဖက် သုတေသနပညာရှင် Rupprecht Deino ၏ အဆိုအရ အဆိုပါ ဒရုန်းများ သည် Saetbyol-4 ဖြစ်ပြီး ဂျက်လေယာဉ်သုံး U.S. RQ-4 ၊  Saetbyol-9 နှင့် မောင်းသူမဲ့ U.S. MQ-9 တို့နှင့် အလွန်ဆင်တူပုံရသည်ဟု ဆိုသည်။

       မြောက်ကိုးရီးယားနိုင်ငံပိုင်မီဒီယာက Saetbyol-4 (Morning Star-4) ကို “မဟာဗျူ ဟာမြောက် ကင်း ထောက်ဒရုန်း” အဖြစ် ဖော်ပြခဲ့ကြောင်း International Institute for Strategic Studies (IISS) အရ သိရသည်။  Saetbyol-9 (Morning Star-9) အား “ဘက်စုံသုံး တိုက်ခိုက်ရေး ဒရုန်း” ဟု တံဆိပ်တပ်ခဲ့သည်။

     မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာသည် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဒရုန်းယာဉ်နှစ်စင်းကို ပထမဆုံး ထုတ် ဖော်ပြသခဲ့ပြီး ၎င်း နှစ်ခုစလုံးကို ပျံသန်းနေစဉ်ပြသသည့် ဗီဒီယိုအတိုကို ထုတ်ပြခဲ့သည်။

       ကင်နှင့် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu တို့တက်ရောက်ခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၆ ရက် ၂၀၂၃ ခုနှစ် လက်နက်နှင့် ကိရိ ယာပြပွဲအတွင်း ၎င်း Drone အမျိုးစား နှစ်ခုအား တရားဝင်ထုတ်ဖော်ပြသခဲ့သည်။ Shoigu သည် မော်စကို၏ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန်အတွက် မြောက်ကိုရီးယားလုပ် လက်နက်များ ပိုမိုရယူရန်နှင့် နှစ်နိုင်ငံကြားတွင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ပြုံယမ်းသို့ အလည် အပတ် သွားရောက်ခဲ့သည်။

      မူရင်းအစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း အဆိုပါမြောက်ကိုရီးယားဒရုန်းများ၏ တိကျသောစွမ်းရည်များသည် အလွန်ရှင်းလင်းပြတ်သားပြီး နောက်ပိုင်းတွင် အသေးစိတ်အချက်အလက်များ အနည်းငယ်ထွက်ပေါ်လာခဲ့သည်ဟု The Drive သတင်းအရ သိရပါသည်။

#PAN