မြစ်သားမြို့နယ်၊ မင်းဝန်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌအား PDF အမည်ခံ လူသတ်အကြမ်းဖက် အဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်

ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မင်းဝန်ကျေးရွာအုပ်စု၊ မင်းဝန်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌအား ယမန်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က လူသတ်အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ မင်းဝန်ကျေးရွာနေ ရဲဆွေ၊ ၆၁ နှစ်၊ (ဘ)ဦးဘတင်သည် နေအိမ်၌ရှိနေစဥ် အကြမ်းဖက်အဖွဲ့(အင်အားစီစစ်ဆဲ)တို့ ရောက်ရှိလာကာ နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးရဲဆွေမှာ သေနတ်ထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ပါတီထောက်ခံသည့် အရပ်သားပြည်သူများကို PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့မှ နေ့စဥ်နီးပါးသတ်ဖြတ်မှုများ ရှိနေကြောင်း သိရှိရသည်။

PAN