မိုးကုတ်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ် ကော်မတီဝင် ဟောင်း တစ်ဦးအား လူသတ်အကြမ်းဖက်ဖွဲ့မှ ခေါင်းဖြတ် သတ်ဖြတ်

ဇန်နဝါရီလ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကသဲရပ်ကွက်၊ အောင်သစ်လွင်လမ်းတွင်နေထိုင်သည့် အရပ်သားပြည်သူတစ်ဦးအား ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်က လူသတ်အကြမ်းဖက်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ခေါင်းဖြတ် သတ်ဖြတ် သွားကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ဦးချစ်လွင်၊ ၆၅ နှစ်၊(ဘ)ဦးထွန်းရင်(ယခင် မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင်)သည် နေအိမ်၌ ရှိနေစဥ် အကြမ်းဖက်သမား(အဖွဲ့/အင်အားစီစစ်ဆဲ)များ ရောက်ရှိလာကာ ဦးချစ်လွင်အား လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ် ဆောင်သွားပြီး ရပ်ကွက်ထိပ် လမ်းဘေးတွင် အကြမ်းဖက်သမားများက ဦးချစ်လွင်အား ဦးခေါင်းဖြတ်ပြီး သတ်ဖြတ်သွားကြောင်း သိရှိရသည်။

PAN