ဒလမြို့နယ်တွင် သုံးဘီးဆိုင်ကယ် အရှိန်ပြင်းစွာ မောင်းနှင်သည့် ကိစ္စကြောင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်း​ဒေသ​ကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြို့မ(၄)ရပ်ကွက်တွင် ယမန်နေ့ ၄နာရီခွဲအချိန်ခန့်က သုံးဘီးဆိုင်ကယ် အရှိန်ပြင်းစွာ မောင်းသည့်ကိစ္စကြောင့် စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဒလမြို့နယ်၊ မြို့မ(၄) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ အမှတ်(၆/၄၃၆)နေ အောင်ကို၊(ဘ)ဦးအောင်နိုင်၊ အသက် ၃၄ နှစ်ဖြစ်ပြီး သေဆုံးသူအား ယဉ်ကျေး၊(ဘ)ဦးမြင့်၊ အသက် ၂၆ နှစ်၊ ဗိုလ်ဥတ္တမလမ်း၊ ရာဇသင်္ကြန်ရပ်ကွက်၊ ဒလမြို့နယ်နေသူနှင့် အမည်မသိ(စိစစ်ဆဲ) အမျိုးသား ၂ ဦးတို့သည် သုံးဘီးဆိုင်ကယ် အရှိန်ပြင်းစွာ မောင်းသည့်ကိစ္စကြောင့် စကားများ ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာ၌ပင် အောင်ကိုမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းအား ဒလမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ထားရှိပြီး တရားခံ(၃)ဦးအနက် ယဉ်ကျေးအား ယင်းနေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး ကျန်အမည် မသိတရားခံ(၂)ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN