ချမ်းအေးသာစံမြို့နယ်အတွင်းရှိစက်သုံးဆီဆိုင်များအား စိစစ်ကြပ်မတ်နိုင်ရေး မြို့နယ်စိစစ်ရေးအဖွဲ့ ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ တရားမဝင်စက်သုံးဆီရောင်းချနေသူတစ်ဦးကို အမှုဖွင့်အရေးယူ


ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား စိစစ်ကြပ်မတ်နိုင်ရေး မြို့နယ်စိစစ်ရေးအဖွဲ့ ဖြင့် ယမန်နေ့ နံနက်၁၀နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ကန်ကောက်ရပ်ကွက်၊ ၃၅ လမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိ သာ စက်သုံးဆီအရောင်းဆိုင်၊ လမ်း ၃၀ ၊ ၅၁ ၅၂ လမ်းကြားရှိ မြပါဝါစက်သုံးဆီအရောင်းဆိုင်၊ ၂၆ လမ်း၊ ၅၈၅၉ လမ်းကြား၊ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်တို့အား စက်သုံးဆီမှောင်ခိုရောင်းချသည့်ဈေးကွက်မရှိစေရေး၊ ပြင်ပတွင်ပြန်လည်ရောင်းချရန် အကြိမ်ကြိမ်လာရောက်တန်းစီဝယ်ယူမှုများမရှိစေရေး၊ တရားမဝင်သိုလှောင်၍ ပြန်လည်ရောင်းချမှုများမရှိစေရေးတို့အတွက် စက်သုံးဆီများရောက်ရှိထားသည့်ပမာဏအား ကွင်းဆင်းအဖွဲ့မှ ဂါလံအရေအတွက်များအား တိုင်းတာဆောင်ရွက်ခြင်းတို့အား ရှောင်တခင်ဝင်ရောက် စစ်ဆေးဆောင်ရွက်ခဲ့ရာ ပုံမှန်ဖွင့်လှစ်ရောင်းချဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်ကွင်းဆင်းစိစစ်ရေး အဖွဲ့မှ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၃၄ လမ်း၊ ၆၉၇၀ လမ်းကြားတွင် ယာဉ်အမှတ်၊ MON-10 U/ 8697 သုံးဘီးယာဉ်ပေါ်တွင် 92/95ဓါတ်ဆီများ အား ဘထ္ထရီပန့်ဖြင့် ဦးဖြိုးအောင်(သ)၂၇ နှစ်၊ (ဘ)ဦးစန်းတင့် အုတ်စက်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူမှ တရားမဝင်စက်သုံးဆီရောင်းချနေကြောင်း စိစစ်တွေ့ရှိရသဖြင့် အမှတ်(၃)နယ်မြေရဲစခန်းတွင် (ပ)၁၀/၂၀၂၄ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ(၃၇)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews