၁၆ နှစ်အရွယ်ကျောင်းသူတစ်ဦးအား အဓမ္မ ပြုကျင့်ခဲ့သည့် နောင်နန်းကျောင်းအုပ် ထွက်ပြေး

၁၆ နှစ်အရွယ်ကျောင်းသူတစ်ဦးအား အဓမ္မ ပြုကျင့်ခဲ့သည့် နောင်နန်းကျောင်းအုပ် ထွက်ပြေး


ဇန်နဝါရီလ ၁၅

ဇန်နဝါရီလ ၁၁ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ နောင်နန်း (၄ )အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းတက်နေသည့် ၁၆ နှစ်အရွယ် ၈ တန်းကျောင်းသူတစ်ဦးကို နောင်နန်းကျောင်းအုပ်ဖြစ်သူ ဦးရဲနိုင်ဆိုသူက အဓ္မပြု ကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အဓမ္မပြုကျင့်မှုခံရပြီးနောက် အုပ်ထိန်းသူများနှင့် သက်ဆိုင်ရာရပ်မိရပ်ဖများ၊ ကျောင်းကော်မတီလူကြီးများနှင့် ဆွေးနွေးညှိနှိုင်းပြီး ကျပ်သိန်း ၃၀၀ တိတိ ပေးလျော်ရန် တောင်းဆိုခဲ့သည်ဟု ၎င်းကျောင်းမှအမည်မဖော်လိုသူ ဝန်ထမ်း တစ်ဦးက ပြောဆိုထားပါသည်။ အဓမ္မပြုကျင့်ခဲ့သည့် နောင်နန်းကျောင်းအုပ် ဦးရဲနိုင်က ငွေကျပ်သိန်း ၃၀၀ ကိုမပေးလျော် နိုင်လျှင် ကိုယ်တိုင်အဖမ်းခံမယ်ဟုလည်း ကျူးလွန်သူကျောင်းအုပ်ဖြစ်သူက လူကြီးများရှေ့ဝန်ခံ ကတိပေးခဲ့ကြောင်း၊ သို့သော် နောက်တစ်နေ့တွင် ၎င်း ကျောင်းအုပ်မှ နေအိမ်မှတိတ်တဆိတ်ထွက်ပြေးခဲ့ရာ ယနေ့ထိတိုင် လိုက်လံစုံစမ်းမရဘဲ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

အဓမ္မပြုကျင့်ခဲ့တဲ့ကျောင်းအုပ် ဦးရဲနိုင်အနေဖြင့် အိမ်ထောင်ရှိအမျိုးသားတစ်ဦးဖြစ်ကာ ၎င်း၏အမျိုးသမီးဖြစ်သူက ခင်ပွန်းကိုယ်စား ငွေကျပ်သိန်း ၃၀၀ အစား ငွေကျပ် သိန်း ၃၀ ဖြင့်လာရောက်တောင်းပန်ကာ ကျေအေးပေးရန် ပြောဆို တောင်းခံခဲ့ကြောင်းလည်း သိရှိရသည်။ သို့‌သော် ကျူးလွန်သူက ထွက်ပြေးလွတ်မြောက်နေသည့် အတွက်​ ထိုငွေကျပ်သိန်း ၃၀ ဖြင့်သာ ကျေအေးပေးနိုင်ရေး အပူတပြင်းလိုက်လံတောင်းပန်နေကြောင်း သိရှိရပါသည်။

ကျူးလွန်သူ ကျောင်းအုပ်က ထွက်ပြေးလွတ်မြောက်နေသည့်အတွက် အဓမ္မပြုကျင့်ခြင်း ကျူးလွန်ခံရသူ ၈ တန်းကျောင်း သူမှာ အလွန်နစ်နာနေသည့်အပြင် အရှက်တကွဲအကျိုးနည်းဖြစ်ကာ နေအိမ်ပြင်ပသို့မထွက်ဝံ့တော့ဘဲ မိဘဖြစ်သူများက ၎င်း ကိုမပြတ်စောင့်ကြည့်နေရကြောင်း၊ ၎င်းအနေဖြင့်စောင့်ကြပ်သူမရှိလျှင် ဧရာဝတီမြစ်တွင်း မိမိကိုယ်ကိုယ် အဆုံးစီရင် ရန် ကြိုးစားခဲ့သည့်ဖြစ်စဉ်များရှိနေကြောင်း သိရှိရပါသည်။

ယခုဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပါဝင်ပတ်သက်သူများနှင့် နီးစပ်သူများ၊ ကျောင်းဆရာ၊ ဆရာမတွေအားလုံးက ဝိုင်းဝန်း လျှို့ဝှက်ထားခြင်းများကြောင့် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံးစမ်းနေရဆဲ ဖြစ်ကြောင်းသိရှိရပါသည်။

PAN