အမေရိကန်နှင့် ဗြိတိန်တို၏ တိုက်ခိုက်မှုက ဟူသီတို၏ တိုက်စွမ်းအားကို ၃၀ ရာခိုင်နှုန်းသာ ကျဆင်းစေ

အမေရိကန်နှင့် ဗြိတိန်တို၏ တိုက်ခိုက်မှုက ဟူသီတို၏ တိုက်စွမ်းအားကို ၃၀ ရာခိုင်နှုန်းသာ ကျဆင်းစေ


ဇန်နဝါရီ ၁၅

အမေရိကန်နှင့် ဗြိတိန်တိုက ဟူသီသူပုန်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများသည် ထိုလက်နက်ကိုင် အဖွဲ၏ တိုက်စွမ်း အားကို ၃၀ ရာခိုင်နှုန်းသာ လျော့ကျစေခဲ့ကြောင်း New York Times သတင်းဌာနက ထုတ်ပြန် ထားသည်။ ဟူသီသူပုန်များ သည် ပင်လယ်နီအတွင်း သွားလာနေသော အမေရိကန်၊ အစ္စရေး တိုနှင့် ဆက်စပ်နေ သည့် ကုန်တင်သင်္ဘောများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုကြောင့် အမေရိကန် နှင့်ဗြိတိန်တိုက ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်တို၏ ပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ပစ်မှတ် ၉၀ ရာခိုင်နှုန်းကို ချေမှုန်းနိုင်ခဲ့ ကြောင်း အမေရိကန်တာဝန်ရှိသူများကပြောသည်။

သိုသော် အဆိုပါချေမှုန်းမှုသည် ဟူသီသူပုန်တို၏ တိုက်ခိုက်ရေးစွမ်းပကားများကို သိသိသာသာ လျော့နည်း ကျဆင်းစေ ခြင်းမရှိကြောင်း တာဝန်ရှိသူများကပြောသည်။ ဟူသီသူပုန်များအနေဖြင့် တစ်နေရာတည်းတွင် အထိုင်ချထားခြင်းမျိုး မဟုတ်ဘဲ ရွေ့လျားသွားလာလျက် သိုမဟုတ် ပုန်းလျှိးကွယ်လျှိးနေလျက် တိုက်ခိုက်မှု များကို လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုပြင် ပစ်မှတ်များကို ခက်ခက် ခဲခဲရှာဖွေရခြင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာ ပြီကို သက်သေပြနေခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များအတွင်း အနောက်နိုင်ငံများမှ ထောက်လှမ်းရေးအဖွဲ များသည် ရန်သူ့တပ်ဖွဲများ၏ လေ ကြောင်းရန် ကာကွယ်ရေးနေရာများ၊ ကွပ်ကဲမှုဌာနများ၊ လက်နက်တိုက်များ၊ ဒရုန်းနှင့်ဒုံးကျည်သိုလှောင်ရာ နေရာများကို ထောက် လှမ်းစုံစမ်းရန် အချိန်နှင့်အရင်းအမြစ် များကို လုံလောက်စွာ အသုံးပြုနိုင်ခဲ့ခြင်းမရှိကြောင်း သတင်းစာက ထောက်ပြ ခဲ့သည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

PAN