သပိတ်ကျင်း၊ နမ့်စန်မြိုနယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ဇန်နဝါရီ ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲဝင်များ ပါဝင်သော ပူးပေါင်းအဖွဲသည် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် သပိတ်ကျင်းမြိုနယ် ချောင်းကြီးကျေးရွာအုပ်စု ရေထွက်ကျေးရွာရှိ မစောနန်းဌေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မစိုးစိုးဌေး၊ မမာမာ(ခ) ဝါဝါဦးတိုအား တွေ့ရှိပြီး ၎င်းတိုထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၇၀ ကိုလည်းကောင်း၊ ဇန်နဝါရီ ၇ ရက် ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုဘက်မှ မန္တလေးဘက်သို့ စိုင်းလှရွှေမောင်းနှင်လာသည့် TOYOTA HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းခန့်အားလည်းကောင်း ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နမ့်စန်မြိုနယ် နမ့်မော်ခေါက်ဆင့်ကျေးရွာအနီးတွင် ကျော်ကျော်လင်း(ခ)စိုင်းရွက်လူ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ အိုက်စ်နှစ်ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝ်းတရားခံများအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။