နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာ၌ စျေးဝယ်ပြန်လာသည့် အမျိုးသမီးတစ်ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ ​​သေနတ်​​ဖြင့် ပစ်ခက်


ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာ၌ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် စျေးဝယ်ပြန်လာသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးကြောင်း သိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူ ဒေါ်စန္ဒာစိန်၊ ၄၅ နှစ်၊(ဘ)ဦးစိန်မောင်၊ ထွေ/အုပ်ရပ်ကျေးစာရေး၊ ရွာကြီးကျေးရွာနေသူဖြစ်ပြီး ယင်းနေ့ မွန်းတည့်၁၂ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် ဆိုင်ကယ်ဖြင့် ကျေးရွာအတွင်းရှိ ခင်မာမြင့်ကုန်စုံဆိုင်မှ စျေးဝယ်ပြီးအပြန် ရွာကြီးကျေးရွာ၊ မြင်းခြံ-ရေဝန်းသွား ကားလမ်းမဘေးအ​ရောက်တွင် အမည်မသိ အကြမ်းဖက် သမား ၅ ဦး၊ ဆိုင်ကယ် ၃ စီးဖြင့် သေနတ် အတို/အရှည်များ ကိုင်ဆောင်ရောက်ရှိလာကာ ဒေါ်စန္ဒာစိန်အား သေနတ်ဖြင့် ပစ်သတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခက်မှုကြောင့် ဒေါ်စန္ဒာစိန်တွင် နဖူး ဝဲဘက်ခြမ်းမှဖောက်ဝင်ပြီး ဝဲဘက်နားထင် ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ မေးစေ့အောက်မှဖောက်ဝင်ပြီး ဝဲဘက်ပါးအောက် ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲဘက်ဒူး ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးသွားခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ AK ကျည်ခွံ ၂ ခု တွေ့ရှိခဲ့ကြောင်း သိရပါသည်။

#PAN