ရုရှားနိုင်ငံသား ၇၈ ဒသမ ၈ ရာခိုင်နှုန်းက သမ္မတ ပူတင် ၏ ဆောင်ရွက်ချက်များအား ယုံကြည်ထောက်ခံ”

ဇန်နဝါရီလ ၁၄

ရုရှားနိုင်ငံသား   ၇၈ ဒသမ ၈ ရာခိုင်နှုန်းက သမ္မတ ဗလာဒီမာ ပူတင် ၏ ဆောင်ရွက်ချက်များအား ယုံကြည်ထောက်ခံကြောင်း လူထုသဘောထားစစ်တမ်းကောက်ယူမှု တစ်ရပ်၌ ဖော်ပြသည်။
  အဆိုပါ လူထုသဘောထားစစ်တမ်း ကောက်ယူမှုကို ရုရှားပြည်သူ့သဘောထားဆိုင်ရာသုတေသနအဖွဲ့ (VCIOM)က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်မှ ၃၀ ရက်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး ရုရှားပြည်သူ အများစုက သမ္မတပူတင် အား ထောက်ခံကြောင်းဖော်ပြထားသည်။
  စစ်တမ်းကောက်ယူမှုတွင် ရုရှားပြည်သူ ၁,၆၀၀ ခန့်ပါဝင်ပြီး ရုရှားအစိုးရအပေါ်ထားရှိသည့် ပြည်သူများ ၏ ထောက်ခံမှုမှာ ယခုအခါ ၅၄ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်းသိရသည်။
  ယခုထုတ်ပြန်သည့် စစ်တမ်းကောက်ယူမှုသည် နိုင်ငံအတွင်း မကြာမီကျင်းပမည့် သမ္မတရွေးကောက်ပွဲ မစတင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရုရှားနိုင်ငံတွင် လာမည့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် သမ္မတရွေးကောက်ပွဲ ကျင်းပရန်စီစဉ်ထားပြီး ယင်းရွေးကောက်ပွဲ၌ ပြည်သူများအနေဖြင့် ၎င်းတို့ထောက်ခံသည့် ကိုယ်စားလှယ်လောင်းအား သုံးရက်ကြာ မဲပေးရွေးချယ်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews