မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်း ဇန်နဝါရီလကုန်အထိ အနားယူရမည်

ဇန်နဝါရီ ၁၄

မန်စီးတီးအသင်းတွင် ခြေဖဝါးဒဏ်ရာကြောင့် အနားယူနေရသည့် တိုက်စစ်မှူး ဟာလန်း အနေဖြင့် ကြံ့ခိုင်မှုမပြည့်ဝ သေးတာကြောင့် ဇန်နဝါရီလကုန်အထိ အနားယူရတော့မည်ဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာ က အတည်ပြု ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ရရှိခဲ့တဲ့ ခြေဖဝါးဒဏ်ရာကြောင့် ဟာလန်း အနေနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် အသင်းရဲ့ပွဲစဉ် ရှစ်ပွဲခန့်လွဲချော်ခဲ့ရပြီး လက်ရှိတွင် ဒဏ်ရာမှာ သက်သာလာခဲ့သော်လည်း အသင်းနှင့် ပူးပေါင်းနိုင်ခြင်း မရှိသေးဘဲ တစ်ဦးချင်းလေ့ကျင့်ခန်းများသာ ပြုလုပ်နိုင်ပြီး ကြံ့ခိုင်မှုပြည့်ဝရန် အချိန်ပေးနေပြီး ယခုလ ကုန်ပိုင်းမှသာ အသင်းနှင့် ပြန်လည်ပူးပေါင်းနိုင်မည်ဖြစ်ကြောင်း ဂွါဒီယိုလာ က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

PAN