ပြည်တွင်းရော်ဘာဈေးနှုန်း တည်ငြိမ်ပြီး ရောင်းလိုအား များနေ

ပြည်တွင်းရော်ဘာဈေးနှုန်း တည်ငြိမ်ပြီး ရောင်းလိုအားများနေ


ဇန်နဝါရီ ၁၄

လတ်တလောတွင် ပြည်တွင်းရော်ဘာဈေးကွက်၌ ဈေးနှုန်းတည်ငြိမ်နေပြီး ရောင်းလိုအားများနေကြောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများထံကနေ သိရပါ တယ်။ လက်ရှိတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ အနီးပတ်ဝန်း ကျင်ကျေးရွာများရှိ ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်နေကြသူများအနေဖြင့် ရော်ဘာမှိုင်းကျ တစ်ပေါင်လျှင် ၁,၅၈၀ ကျပ်ဖြင့် ရောင်းချနေရကြောင်း သိရပါတယ်။

ရော်ဘာခြံစိုက်ပျိုးသူ တောင်သူများကလည်း အလုပ်သမားရရှိမှုအပေါ် မူတည်၍ ရရှိတဲ့ ရော်ဘာနေလှန်းပြား များကို တစ်လတစ်ခါ လာရောက်ရောင်းချကြောင်း သိရပြော ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကရပ်ဆိုင်းသွားတော့ ထိုင်းရာဘာ ဈေးက ငွေကျပ် ၂,၅၉၉ ဖြစ်နေချိန်မှာ မြန်မာ့ရာဘာ ဈေးက ၁,၅၀၀ ဖြစ်တဲ့အတွက် တစ်ပေါင် ကို ၁၀၀၀ လောက် ဈေးကွာ နေတာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ စျေးကွက်ရှာသလို အစိုးရကလည်း အဝယ်ရှာပေးမှသာ ပြည်တွင်းထုတ်ကုန်ကဏ္ဍ တိုးတက်မည်ဖြစ်ကြောင်း ရော်ဘာ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ရော်ဘာရာသီစတင်ချိန် အောက်တိုဘာလ ပထမအပတ်က မှိုင်းကျတစ်ပေါင် ကျပ် ၁,၇၀၀၊ နေလှန်းပြား တစ်ပေါင် ၁,၄၅၅ ကျပ်ဖြင့် စတင်ခဲ့သော်လည်း ယခုရာသီ အလယ်တွင် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး ပြည်တွင်း ရောင်းလိုအားက များနေ ကြောင်း ရော်ဘာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသူများထံကနေ သိရပါတယ်။

PAN