စစ်ကိုင်းမြို့ အကြမ်းဖက်ဟူသမျှဆန့်ကျင်ကြဆန္ဒဖေါ်ထုတ်ပွဲ ကျင်းပ


ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့တွင်ယနေ့ နံန က် ၉ နာရီအချိန်တွင် တောင်မြို့ဆရာတော်ဦးဆောင်၍ အမျိုးသားရေးအင်အားစုများနှင့်မိတ်ဖက်အင်အားစုများပူးပေါင်းပါဝင်သော အကြမ်းဖက်ဟူသမျှဆန့်ကျင်ကြဆန္ဒဖေါ်ထုတ်ပွဲကို မြို့မဘောလုံးကွင်းဟောင်းတွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါပွဲစုရပ်ကို ထူပါရုံဘုရားတွင်ပြုလုပ်၍ ကမ်းနားလမ်း ၊ ဆေးရုံလမ်း၊ ထွေအုပ်ရုံးလမ်း‌တို့မှ စုရပ်များ စုပေါင်း၍ ကျင်းပမည့်ဘောလုံးကွင်းသို့ စီတန်းလှည့်လည်ခဲ့ကြောင်းနှင့်အင်အား ၁၂၀၀
ခန့်ရှိကြောင်း သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews