အရာတော်မြို့နယ် စပါးတွင်းကျေးရွာအနီးရှိ အကြမ်းဖက် PDF စခန်းကို စီးနင်းတိုက်ခိုက်သိမ်းပိုက်

ဇန်နဝါရီ ၁၄
ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ အရာတော်မြို့နယ်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များနှင့် စပါးတွင်းကျေးရွာအနီးတွင် လူသတ်အကြမ်းဖက် PDF အဖွဲ့များ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါထိတွေ့ပစ်ခတ်မှုတွင် အကြမ်းဖက် PDF အဖွဲ့များ ထိခိုက်ဒဏ်ရာများဖြင့် ဆုတ်ခွာထွက်ပြေးသွားကြကြောင်းသိရပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းများဖြစ်သော လက်လုပ်သေနတ် ၂ လက် ၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၁ လုံး ၊ မှန်ပြောင်း ၁ ခု၊ ၎င်းတို့လူနေတဲ ၂၁ လုံး တို့ကို သိမ်းဆည်းရမိကြောင်းသိရှိရပြီး ၎င်းတို့ဆုတ်ပြေးရာလမ်းကြောင်းသို့ ဆက်လက်ရှင်းလင်းနိုင်ရေး လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရပါသည်။

#PAN