ဘာပေကို PSG အသင်းမှာ ဆက်ရှိစေချင်တဲ့ အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ

ဇန်နဝါရီ ၁၃

PSG အသင်း၏ ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီ က ပြင်သစ်တိုက်စစ်မှူး ဘာပေ ကို ပါရီမှာပဲ ဆက်လက်ရှိနေ စေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဘာပေ ဟာ လာမည့်နွေရာသီမှာ PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ရီးယဲလ်အသင်းသို ပြောင်းရွှေ့ တော့မယ်လို ထင်ကြေးပေးနေကြပါတယ်။ ဘာပေ အနေနဲ့ ဇန်နဝါရီလဝက်မကျိုးမီ အနာဂတ်အတွက် ဆုံးဖြတ်ချက် ပေးရမှာတော့မှာ ဖြစ်ပါတယ်။

စပိန်မီဒီယာအချိုက ဘာပေ အနေနဲ့ လာမည့် ၂၀၂၄ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးရဲလ်အသင်း ထံသို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရခဲ့ပြီလိုလည်း ဖော်ပြနေကြပါတယ်။

PAN