ဆော်ဒီပရိသတ်များရဲ့ အားပေးမှုကို ကျေးဇူးတင်နေတဲ့ ဆီမြွန်နီ

ဇန်နဝါရီ ၁၃

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီ က စပိန်စူပါဖလားပြိုင်ပွဲတွင် ဆော်ဒီပရိသတ်များ၏ အားပေးမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
စပိန်စူပါဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို ဆော်ဒီနိုင်ငံတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အက်သလက် တီကိုအသင်းက ရီးရဲလ်အသင်းကို ၅ ဂိုး၊ ၃ ဂိုးနဲ့ရှုးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

သိုသော် အက်သလက်တီကိုနည်းပြ ဆီမြွန်နီ က အာရပ်ပရိသတ်တွေရဲ့ အားပေးသံကို ကြားရတာ အရမ်းကို ပျော်စရာကောင်းပြီး အဲဒီလို အားပေးမှုအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်လို ပြောကြားခဲ့ပါတယ်။

PAN